News

POST TAGGED AS

တရုတ်နိုင်ငံသား

လှိုင်သာယာမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ နဝဒေး Shop House ဆိုင်တန်း ရှိ BBQ စားသောက်ဆိုင်တစ်ဆိုင်တွင် ဇူလိုင်လ ၁၄ ရက် ည ၈ နာရီခွဲဝန်းကျင်က အကြွေးပြန်မဆပ်သည့် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးကို ဆိုင်ရှင်ဖြစ်သူ တရုတ်နိုင်ငံသား အမျိုးသားက ဓားဖြင့်ခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
တရုတ်နိုင်ငံမှ ထင်ရှားသည့် Alibaba Group ကုမ္ပဏီကြီးကို ထူထောင်သူ ဂျက်မာက ပညာရေးနှင့်ပတ်သက်ပြီး စဉ်းစားဆင်ခြင်စရာ မီးမောင်းထိုးပြလိုက်မှုတစ်ခုကို ပြုလုပ်လိုက်ပါသည်။ သူက အနာဂတ် တရုတ်ပညာရေးကို AI (artificial intelligence) ခေတ်တစ်ခေတ်အနေနှင့် ကျောင်းသားကျောင်းသူများတွင် လက်နက်ကောင်းတစ်ခုသဖွယ် တပ်ဆင်ပေးရန် တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ကျင်းပနေသည့် ဒုတိယအကြိမ်မြောက် World Intelligence Congress ၌ တိုက်တွန်းပြောကြားသွားသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ ခူးလီကျေးရွာရှိ တစ်သျှူးငှက်ပျောခြံခင်း တစ်ခုရှိ ငှက်ပျောခင်းများကို ရေသွင်းရန် တူးထားသောရေကန်တွင် မေလ ၂၃ ရက် မွန်းလွဲပိုင်းက ခိုးဝင်လာသော တရုတ်နိုင်ငံသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။
မြောက်ကိုရီးယားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် တရုတ်နိုင်ငံသား ၃၂ ဦးနှင့် မြောက်ကိုရီးယားလူမျိုး လေးဦးတို့ သေဆုံးခဲ့ရမှုအပေါ် ခေါင်းဆောင်ကင်ဂျုံအန်းက အထူးပင်ဝမ်းနည်းကြေကွဲရသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သလို ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသွားသူများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် သလင်းကျောက်များ တရားမဝင်တင်ဆောင်လာသည့် မော်တော်ယာဉ် ၇ စီးနှင့် တရုတ်နိုင်ငံသား ၈ ဦးကို မတ်လ ၂၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။