News

POST TAGGED AS

တရုတ်ခရီးစဉ်

နိုင်ငံခြားရေးမူဝါဒ ထူးထူးခြားခြား ပြောင်းလဲ သွားတာမျိုး မတွေ့မိပါဘူး။ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ပေါ့။ မြန်မာနိုင်ငံဟာ တရုတ်၊ အနောက်အုပ်စုတို့နဲ့ ဆက်ဆံရေးကို ဆက်လက် ဟန်ချက်ထိန်းထားချင်ပုံရပါတယ်။
ဂျပန်သတင်းဌာန Nikkei Asia Review ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကို ဖော်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေးမှာ လက်တွေ့ အကျိုးဖော်ဆောင်နိုင်တဲ့ မူဝါဒမျိုး နဲ့ ချဉ်းကပ် သွားလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။
အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ တရုတ်သတင်းစာ China Daily ကတာ့ သူတို့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်ကို နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်မယ့် ခရီးစဉ်အဖြစ် ခေါင်းစဉ်တပ် ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ လက်ရှိအချိန်ထိ မြန်မာနိုင်ငံရဲ့ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြုပ်နှံသူ ဖြစ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေကို အထူး ဦးစားပေး ဆွေးနွေးသွားမယ်