News

POST TAGGED AS

တံတား

လွှတ်တော်တံတားသည် အပ်နှင့်ထွင်းရမည့် အရာကို ပုဆိန်နှင့်ပေါက်ခြင်း ဖြစ်သည်။ ဆူးစူးသည့်အတွက် အပ်နှင့်ထွင်းရမည် ဖြစ်သော်လည်း ပုဆိန်နှင့် ပေါက်လိုက်ရာ ပုဆိန်ဒဏ်ချက် ပြင်းသဖြင့် ဆူးကိစ္စ အရေးမပါတော့ဘဲ ပုဆိန်ဒဏ်ရာကို ကုရမည့်အခြေဆိုက်သွားသည်။ ဆေးအတွက် လေးရသည့်ကိန်း။ ‘တိုက်ပွဲလေး တစ်ပွဲနိုင်သလောက် စစ်ပွဲကြီးရှုံးသည်’ ‘Winning a battle, losing the war’ ဟူသော စကားကို အမှတ်ရမိသည်။
မြန်မာနိုင်ငံတွင် လွှတ်တော်က လုပ်ဆောင်ရမည့် အရေးကြီးသည့် ကိစ္စရပ်များစွာ ရှိနေသည်။ ပြင်ဆင်ရန် ဥပေဒလည်း တစ်ပုံတစ်ပင် ရှိသည်။ ယင်သို့ အခြေအနေမျိုးတွင် ပြည်နယ်အဆင့်နှင့် ပြီးပြတ်နိုင်သည့် တံတားအမည်ပေးရေး ကိစ္စမှာ ပြည်ထောင်စုအဆင့် လွှတ်တော်သို့ ရောက်လာခြင်း ဖြစ်သည်။
မွန်ပြည်နယ်မှ တံတားတစ်စင်း အမည်ကို ဗိုလ်ချုပ်အောင်ဆန်း တံတားဟုပေးရန် ပြည်သူ့လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုခြင်းသည် ဒီမိုကရေစီ အနိုင်ကျင့်ခြင်းဖြစ်ကြောင်း
14-Mar-2017 tagged as တံတား
မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်ကို ဆက်သွယ်တည်ဆောက်ထားသည့် သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် ယနေ့ (မတ်လ ၁၄ ရက်) ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။
09-Feb-2017 tagged as တံတား
မွန်ပြည်နယ် ချောင်းဆုံမြို့နှင့် မော်လမြိုင်မြို့ကို ဆက်သွယ်ထားသော သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်း တံတားဟု အမည်ပေးမှုကို မွန်လူငယ်များက ကန့်ကွက်သွားမည် ဖြစ်ကြောင်း မွန်လူငယ်ဖိုရမ် (MYF) ထံမှ သိရသည်။
အမေရိကန် သမ္မတသစ်ရဲ့ အမျိုးသားရေးဝါဒကို ထောက်ခံသူ မြန်မာနိုင်ငံမှာ အတော်များများ ရှိနေတယ်လို့ သတင်းတွေထဲ ဖတ်ရပါတယ်။ ဒါဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးထားပါတယ်ဆိုတဲ့ NLD အစိုးရ လက်ထက်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား တံတိုင်းတွေ ပိုရှည်လာနိုင်ပါသလား။ ဘင်္ဂလားဒေ့ရှ်ဘက်က လူတွေ တရားမဝင် ခိုးဝင်နေလို့ ဒီနယ်စပ်ကို တံတိုင်းကာပြီး ပိတ်တာကို နည်းမှန်လမ်းမှန်လို့ အများပြည်သူက မြင်နေကြပါသလား။
09-Dec-2016 tagged as တံတား
လမ်း၊ တံတား၊ အဆောက်အဦ ပျက်စီးယိုယွင်းမှုများကို စာချုပ်ပါအတိုင်း မပြုပြင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီများကို တရားစွဲဆိုမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက သတိပေးလိုက်သည်။
01-Dec-2016 tagged as တံတား
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တံတားဖြတ်သန်းခ ကောက်ခံမှုများကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်ရပ်ဆိုင်းပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်- လားရှိုးပြည်ထောင်စုလမ်းအပိုင်းရှိ ကွန်ကရစ်တံတား နှစ်စင်းမှာ ယနေ့(နိုဝင်ဘာလ ၃၀ ရက်) နံနက်ပိုင်းက မိုင်းထောင်ဖျက်ဆီးခြင်းခံရသဖြင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သွားသွားလာ၍ မရကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်
20-Sep-2016 tagged as တံတား
ဦးသိန်းစိန် အစိုးရ လက်ထက်တွင် စတင် အကောင်အထည် ဖော်ခဲ့သော ရန်ကုန်- ဒလ မြစ်ကူး တံတား စီမံကိန်းကို ၅ နှစ်အတွင်း ပြီးစီးရန် ဆက်လက် လုပ်ဆောင်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။