News

POST TAGGED AS

တံတား

ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ ကြိုးတံတားကို ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် မတ်လ ၁၁ ရက်နေ့ညပိုင်းတွင် ခေတ္တပိတ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
မြန်မာ့သင်္ဘောကျင်းလုပ်ငန်းအနေနှင့် ဖက်စပ်ကုမ္ပဏီဖြင့် တံတားတည်ဆောက်ရေး လုပ်ငန်းသုံး တန် ၄၀၀ ရှိ တွဲရေယာဉ်သုံးစင်းကို ဖေဖော်ဝါရီလ ပထမအပတ်က တည်ဆောက်ပြီးစီးခဲ့ကြောင်း အဆိုပါလုပ်ငန်းထံမှ သိရသည်။
မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်း ဆက်သွယ်ထားသော တံတား နှစ်စင်းကို ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင် အေနှင့် ကေအိုင်အိုတို့က ဖျက်ဆီးခဲ့သည့် အတွက် အမြန်ဆုံးပြန်လည်တည်ဆောက် ပေးရန် အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပူတာအိုမြို့နယ် မဲဆန္ဒအမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန် (ခ) ခန်လင်က တင်သွင်းခဲ့သည်။
ရန်ကုန်-ဒလတံတား တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် မလွတ်ကင်းသည့် အဆောက်အအုံများအနေနှင့် ဖယ်ရှားခြင်းမပြုပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း လက်ရှိတည်ဆောက်နေသည့် ကျေးလက်လမ်းတံတားတစ်စင်းမှာ အရည်အသွေးမပြည့်မီသည့်အတွက် ပြန်လည်ပြုပြင်ရန် ကုမ္ပဏီကို ညွှန်ကြားထားကြောင်း ဟုမ္မလင်းမြို့၊ လမ်းဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်-ဒလစီမံကိန်းအတွက် လျော်ကြေးပေးချေပြီးသော ဗိုလ်မင်းရောင်လမ်းရှိ နေအိမ်အဆောက်အအုံနှင့် ဈေးဆိုင်ခန်းများ ၇၀ ရာခိုင်နှုန်းခန့် ပြောင်းရွှေ့ပြီးစီးပြီဖြစ်ကြောင်း ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့အနီးတို့တွင် တည်ဆောက်လျက်ရှိသော ချင်းတွင်းမြစ်ကူးတံတားနှစ်စင်းကို လာမည့်မတ်လအကုန် ဧပြီလအတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ခန္တီးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။
ရန်ကုန်-ဒလ တံတားစီမံကိန်းနှင့် မလွတ်ကင်းသော အဆောက်အအုံ၊ မြေကွက်နှင့်ဆိုင်ခန်းများကို မြေယာလျော်ကြေး၊ မြေငှားရမ်းခ ပေးချေပြီးစီးခြင်းကြောင့် ဇန်နဝါရီလ ၃၁ ရက်တွင် အပြီးဖယ်ရှားပေးရန် တိုက်တွန်းထားကြောင်း ရန်ကုန်တိုင်း လမ်းတံတားဦးစီးဌာနထံမှ သိရသည်။
မင်းကွန်းဒေသသို့ သင်္ဘောဖြင့် လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများ ရာသီမရွေး အသုံးပြုနိုင်မည့် ဆိပ်ခံဗောတံတာတစ်ခု ယခုလအတွင်းထားရန် စီစဉ်နေကြောင်း စစ်ကိုင်းတိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းကျရောက်ခဲ့ရာ ဒေသများဖြစ်သည့် ဖျာပုံ၊ ဘိုကလေး၊ အမာနှင့် မော်လမြိုင်ကျွန်း မြို့နယ်တို့တွင် ပေ၂၀၀၀ အထက်ရှိ သံကူကွန်ကရစ် တံတား ၄ စင်းကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့် စတင်တည်ဆောက်နေပြီး ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။