News

POST TAGGED AS

တံတား

03-Sep-2016

တံတား တရုတ်
တရုတ်ရှိ မှန်တံတား ဖွင့်ပြီး နှစ်ပတ်အတွင်းပိတ်
ကမ္ဘာ့စံချိန်တင် လျှောက်လမ်းကို မှန်များဖြင့် တည်ဆောက်ထားသည့် တရုတ်နိုင်ငံရှိ တံတားသည် ဖွင့်ပြီး ၁၃ ရက် အကြာတွင် ပိတ်သွားခဲ့သည်။

တံတားကို စက်တင်ဘာ ၂ ရက်တွင် ပိတ်လိုက်ခြင်းပြီး ယင်းနေရာတွင် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းကို အလျှင်အမြန် လုပ်ဆောင်ရန် စီစဉ်လျက်ရှိကာ ပြန်ဖွင့်မည့် ရက်ကိုလည်း ကြေညာမည်ဟု အာဏာပိုင်များက ပြောဆိုသည်။

သို့သော် ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ တောင်စွန်း နှစ်ဘက်ကို ချိတ်ဆက်ထားသည့် အဆိုပါ တံတားကို လာရောက် လည်ပတ်သည့် ခရီးသွား ဦးရေ များပြားလွန်းခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။

တစ်စုံတစ်ရာ ထိခိုက်မှု လုံးဝ မရှိခဲ့သည့်အပြင် တံတား ကျိုးကျခြင်း၊ ပျက်ယွင်းခြင်းလည်း မရှိဟု ၎င်းက ဆက်လက် ပြောဆိုသည်။

အရှည် ၄၃၀ မီတာ ရှိပြီး အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ သန်း အကုန်အကျခံကာ တည်ဆောက်ထားသည့် တံတားသည် ဟူနန် (Hunan) ပြည်နယ် ဇန်ဂျန်ဂျန် (Zhangjiajie) အမျိုးသား သစ်တောဥယျာဉ် အတွင်းရှိ တောင်နှစ်ဖက်ကို ချိတ်ဆက်ထားသည့် တံတားဖြစ်သည်။

အမြင့်ပေ ၃၀၀ ရှိသည့် အဆိုပါ တံတား တည်ရှိရာ နေရာသည် Avater ရုပ်ရှင် ရိုက်ကူးခဲ့သည့် နေရာလည်း ဖြစ်သည်။

တံတား စတင်ဖွင့်ချိန်က အဆိုပါ တံတားသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး၊ အရှည်ဆုံး မှန်တံတား ဖြစ်သည်ဟု ဆိုကြသည်။

ဥယျာဉ်မှ အရာရှိများသည် တရုတ်နိုင်ငံ၏ မက်ကရို ဘလော့ဖြစ်သော ဝိုင်ဘို(Weibo) တွင် လာရောက် လည်ပတ်သည့် ခရီးသွား အရေအတွက်ကို မညွှန်းဆိုထားသော်လည်း အစိုးရက ယင်းနေရာကို အလျှင်အမြန် အဆင့်မြှင့်တင်ဖို့ လိုအပ်သည်ဟု ကြေညာခဲ့သည်။



FOLLOW US