News

POST TAGGED AS

တံတား

06-Oct-2017

တံတား
ဖြူးမြို့ ဝဲကြီးကျေးရွာ ကြိုးတံတား ကြိုးပျက်ပြီး ပြုတ်ကျ
တောင်ငူ၊ အောက်တိုဘာ ၆ 

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ဖြူး-အုတ်ဖြတ်လမ်းမပေါ်ရှိ ဝဲကြီးတောင်ရွာနှင့် မြောက်ရွာကို ဆက်သွယ်ထားသည့် ဖြူးချောင်းကြိုးတံတားမှာ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ပြတ်ကျခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

“ကြိုးတစ်ချောင်း ပြတ်ကျတာပါ။ အခင်းဖြစ်ချိန်က ဝဲကြီးမြောက် ရွာဘုန်းကြီးကျောင်းကို ဒီဘက်က ရွာသားတွေ သွားနေတာ လူလေးငါးဆယ်မက ရှိပါတယ်။ ဖြစ်တဲ့အချိန်မှာ တံတားစောင်းသွးပေမဲ့ လူတွေ ချောင်းထဲပြုတ်မကျလို့ ကံကောင်းတယ်” ဟု ဝဲကြီမြောက်ရွာနေ အမျိုးသမီးတစ်ဦးက ပြောကြားသည်။ 

အဆိုပါ ကြိုးတံတံတားမှာ ၀ဲကြီးကျေးရွာအုပ်စုရှိ ၀ဲကြီးတောင်ကျေးရွာနှင့် ၀ဲကြီးမြောက်ရွာတို့ကို ဆက်သွယ်ပြီး အရှည် ၃၇၀ ပေ၊ အကျယ် ၆ ပေ ခန့်ရှိသည့် သံပြားခင်း၊ သံမဏိ ကြိုးတံတားတစ်စင်း ဖြစ်ပြီး အခင်းဖြစ်ချိန် လူဦးရေငါဆယ်ကျော် ဖြတ်သန်းသွားလာသည့်ဝိတ်ကြောင့် မြောက်ရွာဘက်ခြမ်းမှ အထိန်ကြိုးတစ်ချောင်း ပြတ်ကျချိန် တောင်ဘက်ကမ်းရှိ ကြိုးတစ်ချောင်း ထပ်မံပြတ်တောက်ကာ တံတားတစ်ဖက်စောင်းသွားခြင်း ဖြစ်သည်။ 

အခင်းဖြစ်ချိန်မှ စတင်ပြီ ကြိုးတံတားအရှေ့ဖက်ခြမ်းရှိ ဆိုင်ကယ်/စက်ဘီး ဖြတ်သန်းရန် ပြုလုပ်ထားသည့် သစ်သားတံတားပေါ်မှ ဖြတ်သန်းသွားလာနေကြရပြီး ယနေ့ မွန်းလွဲပိုင်းအထိ ပြင်ဆင်ပြုပြင်မှု မလုပ်ရသေးကြောင်း ဒေသခံ ဘုန်းတော်ကြီးတစ်ပါးက မိန့်ကြားသည်။

အဆိုပါ မြစ်ကူးကြိုးတံတားမှာ မိုးရာသီကာလ မြစ်ရေကြီးချိန် လူဖြတ်သန်းရန် တည်ဆာက်ဆောက်ထားခြင်း ဖြစ်ပြီး နံဘေးရှိ သစ်သားတံတားတစ်ခုလည်း ရှိကာ အဆိုပါ တံတားပေါ်မှ ဆိုင်ကယ်နှင့် စက်ဘီးများသာ ဖြတ်သန်းရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

R-15
ဓာတ်ပုံ - SNDML



FOLLOW US