News

POST TAGGED AS

တံတား

10-Sep-2017

တံတား
မြောက်ဒဂုံနှင့် တောင်ဥက္ကလာ တံတားသစ် အောက်တိုဘာဖွင့်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၀

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်ကို ဆက်သွယ်ထားသည့် ငမိုးရိပ်ချောင်းကူးတံတားသစ်ကို အောက်တိုဘာလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

အဆိုပါတံတားကို စက်တင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း လမ်းခင်းခြင်း၊ ချဉ်းကပ်လမ်းများနှင့် လမ်းမီးတိုင်များ တည်ဆောက်ရန် ကျန်ရှိနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ငမိုးရိပ်ချောင်းကူးတံတားကို မြတ်နိုးသူ ဆောက်လုပ်ရေးကုမ္ပဏီက ယခုနှစ်ဧပြီလက စတင်တည်ဆောက်ခဲ့ကာ ခြောက်လအတွင်း အပြီးတည်ဆောက်ရန် သတ်မှတ်ထားပြီး အောက်တိုဘာလတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အချိန်ကာလက နည်းနည်း ပြောင်းသွားတယ်။ အောက်တိုဘာလထဲမှာ ဖွင့်မယ်။ ရက်အတိအကျတော့ မသတ်မှတ်ရသေးဘူး။ ဒဂုံမြောက် တံတားအဆင်းမှာ အိမ်နှစ်အိမ်ရှိနေတဲ့အတွက် အဲဒီနှစ်အိမ်နဲ့ ညှိနှိုင်းနေလို့ပါ။ တံတားဖွင့်ရင်တော့ ယာဉ်ကြော ကျပ်တည်းတာတွေ လျော့သွားမယ်”ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဆိုသည်။

ငမိုးရိပ်ချောင်းကူးတံတားကို နှစ်လမ်းသွား တံတားအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် ၅ ဒသမ ၂ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) ထံမှ သိရသည်။ 

ငမိုးရိပ်ချောင်းကူးတံတား တည်ဆောက်ရန် လျှောက်လွှာများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက တင်ဒါခေါ်ယူခဲ့ပြီး မြတ်နိုးသူ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခွင့် ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-10

  • VIA


FOLLOW US