POST TAGGED AS

တံတား

05-Aug-2017

တံတား
တောင်ကျရေကြောင့် ပျက်စီးသွားသည့် တံတားနှစ်စင်းကို ပြင်ဆင်

ဘားအံ၊ သြဂုတ် ၅

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျချောင်းရေကြောင့် ပျက်စီးသွားသော ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဘေလီတံတား နှစ်စင်းကို စတင် ပြုပြင်နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် လမ်းဦးစီးဌာနထံမှ သိရှိရသည်။

ဇူလိုင်လ နောက်ဆုံးပတ်က တောင်ကျချောင်းရေကြောင့် မျောပါ ပျက်စီးသွားသော ယာယီ ဘေလီတံတားကို ပြန်လည် ပြုပြင်တည်ဆောက်ခြင်းဖြစ်သည်။

“အခုရက်တွေအတွင်း မိုးက အဆက်မပြတ်ရွာတော့ တောင်ကျရေတိုးလို့ တံတားနှစ်စင်း မျောပါသွားတာပါ။ ဒါကို သိသိခြင်းပဲ အချိန်မီပြုပြင်မှုတွေ လုပ်ဆောင်နေပါပြီ။ ဘေလီသံဘောင်အသစ်တွေနဲ့ ပြန်လည် တပ်ဆင်တည်ဆောက်မှာပါ”ဟု တံတားအထူးအဖွဲ့ (၁၄)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်က ပြောကြားသည်။

ထိုသို့ ပြုပြင်တည်ဆောက်ရာတွင် ကရင်ပြည်နယ် လမ်းဦးစီးဌာနနှင့် တံတားအထူးအဖွဲ့များ၊ မြိုနယ် တာဝန်ခံ အင်ဂျင်နီယာများ ဒေသတွင်း KNU နယ်မြေမှူးများ ပူးပေါင်း၍ ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ယင်းဌာနထံမှ သိရှိရသည်။

R - 17

  • VIA


FOLLOW US