News

POST TAGGED AS

တူရကီ

25-Dec-2016

ရုရှား
လူ ၉၂ ဦးပါ ရုရှားစစ်သုံးလေယာဉ် ပင်လယ်နက်အတွင်း ပျက်ကျ
လူ ၉၂ ဦး လိုက်ပါသွားသော ရုရှားစစ်သုံးပို့ဆောင်ရေး လေယာဉ်တစ်စင်းသည် ပင်လယ်နက်အတွင်း ပျက်ကျသွားခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာလိုက်သည်။

လေယာဉ်သည် ဆိုချီမှ ထွက်ခွာသွားပြီး ၂ မိနစ် အကြာတွင် ရေဒါမှ ပျောက်ကွယ်ကာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် လေယာဉ်အပိုင်းအစ တစ်ခုနှင့် ရုပ်အလောင်းတစ်ခု တွေ့ရှိထားပြီး အသက်ရှင် ကျန်ရစ်သူ ရှိကြောင်း သတင်းပို့ချက် တစ်စုံတစ်ရာ မရရှိထားချေ။

Tu-154 အမျိုးအစား ယင်းလေယာဉ်သည် ဆီးရီးယားရှိ လက်တာကီးယား သို့ပျံသန်းစဉ် ယခုကဲ့သို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေယာဉ်သည် မော်စကိုမှ စတင်ထွက်ခွာလာပြီး ဆိုချီရှိ အက်ဒလာလေဆိပ်တွင် ဆီဝင်ဖြည့်ပြီး ပြန်လည်ထွက်ခွာချိန်တွင် ပျက်ကျသွားခြင်း ဖြစ်သည်။

ရုရှားသမ္မတ ပူတင်က လေယာဉ်ပျက်ကျခြင်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်ထားပြီး ပျက်ကျလေယာဉ်တွင် လိုက်ပါသွားသော အရာရှိများ၊ တပ်သားများ၊ သတင်းထောက်များနှင့် အရပ်သားများအတွက် ဝမ်းနည်းကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

Ref : BBC



FOLLOW US