News

POST TAGGED AS

တိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း ရေတာရှည်မြို့နယ်နှင့် ဆွာမြို့နယ်ရှိ ကြံစိုက်တောင်သူများမှာ ထွက်ရှိသောကြံများကို ကြိုတင်ငွေ ထုတ်ယူထားသည့် စက်ရုံကြီးများထံ ရောင်းချနေရသဖြင့် အမြတ်အစွန်း နည်းပါးကြောင်း ကြံစိုက်တောင်သူများက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ သစ်ရာကုန်းရွာနေ ကျေးရွာရှိ သမဝါယအသင်း ဥက္ကဋ္ဌ ဦးလှစိုး၏ နေအိမ်ကို ဒီဇင်ဘာ၂၃ ရက် ညနေ ၆နာရီခွဲက အမျိုးသားသုံးဦးက ဓားပြတိုက်ခဲ့ကြောင်း သုံးဆယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းအတွင်း အခြေစိုက် ထုတ်ဝေလျက်ရှိသည့် တနင်္သာရီအပတ်စဉ်တွင် ဖော်ပြပါရှိသော မဲဆွယ်အပြုံးအမည်ရ သရော်စာနှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးတိုက်လျှောက်ထားမှုတွင် သတင်းမီဒီယာဥပဒေဖြင့် အရေးယူသွားရန် ဒီဇင်ဘာလ ၂၁ ရက်က အမိန့်ချလိုက်ကြောင်း ထားဝယ်မြို့နယ်တရားရုံးထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး မိတ္တီလာမြို့မဈေးပတ်လမ်းတွင် လမ်းပိတ်ဆို့ ဈေးရောင်းနေသူများကို စည်ပင်သာယာက ဖယ်ရှားနေစဉ် ယင်းကိစ္စကို မကျေနပ်သော ဈေးသည်အမျိုးသမီးက စည်ပင်ဝန်ထမ်း အမျိုးသား၏ ဦးခေါင်းကို တုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်း ယင်းမြို့မဈေး၊ ဈေးခေါင်းကြီးရုံးမှ သိရသည်။
မန္တလေး တိုင်းဒေသကြီးအတွင်း အများပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး ခိုးမှု လုယက်မှု၊ မုဒိန်းမှုများ လျော့နည်းပပျောက်သွားရေးတို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အထူး အလေးထား ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို မန္တလေး တိုင်းဒေသကြီး လွှတ်တော်သို့ ကိုယ်စားလှယ်တစ်ဦးက ဒီဇင်ဘာလ ၈ ရက်နေ့ အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း လက်ခံဆွေးနွေးသင့်ကြောင်း ဆုံးဖြတ်ကာ အဆိုကို လက်ခံခဲ့ကြောင်း ယင်းလွှတ်တော်အစည်းအဝေးအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန် အထူးစီးပွားရေးဇုန် (Yangon Special Economic Zone) တည်ထောင်ပါက ရရှိမည့် အကျိုးကျေးဇူးများနှင့် လုပ်ငန်းအစီအမံများကို ဒီဇင်ဘာ ၆ ရက်နေ့တွင် ကျင်းပသည့် အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးသို့ တင်ပြဆွေးနွေးခဲ့သည်။
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ ဆက်သွယ်ထားသည့် ကလေး- ဖလမ်း- ဟားခါးလမ်း အဆင့်မြှင့်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နစ်နာမှုများ ရှိသည်ဟုဆိုကာ ကမ္ဘာ့ဘဏ်က ချေးငွေထုတ်ပေးမှု ရုပ်သိမ်းရန် စီစဉ်နေမှုကို ကန့်ကွက်ကြောင်း ချင်းပြည်နယ်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရွှေထီးအိုးက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့မရဲစခန်း လူပျိုဆောင်တွင် နိုဝင်ဘာလ ၈ ရက်နေ့ ည ၉ နာရီခွဲခန့်က ဒုရဲအုပ်တစ်ဦးသည် မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်သတ်၍ အဆုံးစီရင်သွားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ညောင်းတုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာရှိများ အပါအဝင် ၇ ဦးကို ပင်လုံရတနာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တရားစွဲဆိုထားမှု နိုဝင်ဘာ ၈ ရက်က ဆက်လက် စစ်ဆေးရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အယောက် ၃၀ ခန့် လာရောက် နားထောင်ခဲ့ကြောင်း တရားပြိုင်များထံမှ သိရသည်။
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ် ထုတ်လုပ်သည့် စက်ရုံကို မကွေး တိုင်းဒေသကြီးတွင် နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ရာ ကျေးရွာ ၃ ရွာတွင် လျှပ်စစ်ရရှိမည်ဖြစ်ကြောင်း Mandalay Yoma Co.,Ltd ထံမှ သိရသည်။