News

POST TAGGED AS

တိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်

တောင်ငူ၊ မတ် ၂၂

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် တိုင်းဒေသကြီး အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးသည် ယနေ့(မတ်လ ၂၂ ရက်) နံနက် ၇ နာရီခန့်က ပဲခူးပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

“မနက်က ၆ နာရီ မထိုးခင်လောက်က လွှတ်တော်အဆောင်ချင်း ကပ်နေတဲ့ ဖြူးကိုယ်စားလှယ်ကို သွေးကျဆေး တိုက်ခိုင်းတယ်။ ဆေးသောက်ပြီး ရင်ဘတ်တွေ အောင့်လာတယ်ပြောလို့ ပဲခူးဆေးရုံပို့ပြီး ကုသနေတုန်း ဆုံးသွားတာပါ”ဟု တောင်ငူမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခက ပြောကြားသည်။

ဦးမြင့်ဦးသည် ကွယ်လွန်ချိန်၌ အသက် ၆၁ နှစ်ရှိပြီဖြစ်သည်။

R-15



FOLLOW US