News

POST TAGGED AS

တိုင်းဒေသကြီး

22-Mar-2018

ဧရာဝတီ
ဧရာဝတီတိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် နှစ်စဉ်အမြတ်ရဟုဆို
ပုသိမ်၊ မတ် ၂၂

ဧရာဝတီတိုင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် တောင်သူလယ်သမားများထံမှ ရရန်ရှိသည့် စိုက်ပျိုးစရိတ် ချေးငွေများ များစွာ ကျန်နေသော်လည်း နှစ်စဉ် အမြတ်ငွေများ ရရှိနေကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောသည်။ 

မတ်လ ၂၁ ရက်က တိုင်းလွှတ်တော် အစည်းအဝေးတွင် ကန်ကြီးထောင့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်ခင်စောမူက မိုးစပါးထုတ်ချေးငွေ ကောက်ခံရရှိမှုနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် အမြတ်အရှုံး အခြေအနေနှင့်ပတ်သက်သည့် မေးခွန်းမေးမြန်းရာ ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနှင့် ဝင်ငွေ အသုံးစရိတ်နှင့် အချိုးပြ အခြေအနေအရ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ဝင်ငွေ ၁၈ ဘီလီယံကျော်၊ အသုံးစရိတ် ၁၇ ဘီလီယံကျော်ရှိပြီး အမြတ်ငွေမှာ ၁ ဘီလီယံရှိကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်၊ ဝင်ငွေ ၂၇ ဘီလီယံ၊ အသုံးစရိတ် ၁၇ဘီလီယံရှိပြီး အမြတ်ငွေ ၉ ဘီလီယံရှိနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်းက ပြောကြားသည်။

R-11



FOLLOW US