News

POST TAGGED AS

တိုင်းဒေသကြီး

သုံးဆယ်မြို့ ကျေးရွာသမဥက္ကဋ္ဌအိမ်ကို ဓားပြတိုက်
သုံးဆယ်၊ ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ သစ်ရာကုန်းရွာနေ ကျေးရွာရှိ သမဝါယအသင်း ဥက္ကဋ္ဌ ဦးလှစိုး၏ နေအိမ်ကို ဒီဇင်ဘာ၂၃ ရက် ညနေ ၆နာရီခွဲက အမျိုးသားသုံးဦးက ဓားပြတိုက်ခဲ့ကြောင်း သုံးဆယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

အဆိုပါ နေအိမ်သို့ မျက်နှာအဝတ်စည်းထားသူ ၂ ဦးနှင့် အဝတ်စည်းမထားသူ ၁ ဦးတို့ ရောက်လာပြီး ဦးလှစိုး၏ ဗိုက်ကို ဓားနှင့်ချိန်ကာ ငွေများပေးရန် တောင်းခံခဲ့ကြောင်း၊ ဦးလှစိုး၏ ဇနီးဒေါ်ခင်ရီက အိပ်ခန်းထဲရှိ သံသေတ္တာထဲတွင် ငွေရှိကြောင်းပြောသဖြင့် ငွေများကို မျက်နှာတွင် အဝတ်စည်းထားသူတစ်ဦးက သွားရောက်ယူဆောင်ခဲ့ကြောင်း ရဲစခန်းတွင် တိုင်ကြားချက်အရ သိရသည်။ 

ယင်းနောက် ဦးလှစိုးကို အမျိုးသားနှစ်ဦးက အိမ်ခြံဝင်းနောက်သို့ ခေါ်ဆောင်သွားကာ ဆီးပင်တွင် ကြိုးဖြင့်ချည်နှောင်ခဲ့ပြီး သေတ္တာတွင်းမှ ကျပ် ၉၅ သိန်းကို ယူဆောင်ကာ ထွက်ပြေးသွားကြောင်း၊ ဓားပြအတိုက်ခံရသူ ဦးလှစိုးက ရှင်းပြသည်။

အဆိုပါ ဓားပြမှုနှင့်ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူကို စုံစမ်းနေကြောင်း သုံးဆယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

R-19



FOLLOW US