News

POST TAGGED AS

တိုင်းဒေသကြီး

ကျောက်တံခါး၌ ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် အဆုံးစီရင်
တောင်ငူ၊ နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့မရဲစခန်း လူပျိုဆောင်တွင် နိုဝင်ဘာလ ၈ ရက်နေ့ ည ၉ နာရီခွဲခန့်က ဒုရဲအုပ်တစ်ဦးသည် မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်သတ်၍ အဆုံးစီရင်သွားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

“သူ့ကိုတပ်ဖွဲ့က ထုတ်ပေးထားတဲ့ ခြောက်လုံးပြူးနဲ့ နားထင်ကို တစ်ချက်ပစ်ပြီး အဆုံးစီရင်သွားတာပါ။ ရန်ကုန်ဆေးရုံကြီးမှာ ပို့ဆောင် ကုသနေတုန်း ဆုံးသွားပါတယ်”ဟု ကျောက်တံခါး မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်လွင်က အတည်ပြု ပြောကြားသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ကျောက်တံခါး နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ် ၁၀/၂၀၁၇ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း အဆိုပါနယ်မြေရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US