News

POST TAGGED AS

တိုင်းဒေသကြီး

တောင်တွင်းကြီး နိဗ္ဗာန်ဈေး မြန်မာ့ရိုးရာ လက်လုပ်မုန့်များ ကျွေးမည်
သီရိမင်္ဂလာတိုက်သစ် ဓမ္မ စကူးလ် ဖောင်ဒေးရှင်းကျောင်းတော် တောင်တွင်းကြီးမြို့
တောင်တွင်းကြီး၊ အောက်တိုဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ သီရိမင်္ဂလာတိုက်သစ် ဓမ္မစကူးလ်ဖောင်ဒေးရှင်းကျောင်းတွင် တန်ဆောင်မုန်းလပြည့်နေ့ နိဗ္ဗာန်ဈေးပွဲတော်ကို မြန်မာရိုးရာ လက်လုပ်မုန့်များဖြင့် တည်ခင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေး ကော်မတီထံမှ သိရသည်။ 

အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်ကို ယခုနှစ်တွင် ငါးနှစ်မြောက် ကျင်းပခြင်းဖြစ်ပြီး၊ ပါဝင်ဆင်နွဲမည့် မြို့ပေါ်ရှိ ကလေးငယ်များကို မြန်မာ့ရိုးရာ လက်လုပ်မုန့်အမျိုးပေါင်း ၂၀ ကျော် လှူဒါန်းကျွေးမွေးခြင်းနှင့် စာသင်သား သံဃာငယ်များကို လက်ဆောင်ပစ္စည်းများလှူဒါန်းခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း၊ လာရောက် လည်ပတ်သူများအတွက် စတုဒိသာ မုန့်ဟင်းခါးဖြင့် ကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်း အဆိုပါ ပွဲတော်ဖြစ်မြောက်ရေး ဆောင်ရွက်သူတစ်ဦးက ရှင်းပြသည်။

အထူးအစီအစဉ်အဖြစ် ညပိုင်းအချိန်များတွင် ဓမ္မစကူးလ် ကလေးငယ်များ၏ ဖျော်ဖြေတင်ဆက်မှု၊ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာ ရုပ်သေးကပွဲများဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း စီစဉ်ဆောင်ရွက်သူများထံမှ သိရသည်။ 

R-02



FOLLOW US