News

POST TAGGED AS

တိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဦးဆောင်သော အစိုးရအဖွဲ့ တာဝန်ယူသော ၂နှစ်နီးပါး ကာလအတွင်း ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိဟုဆိုကာ ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးကို ပဲခူး ဒေသခံ နိုင်ငံရေး တက်ြွကလှုပ်ရှားသူ အချို့က အောက်တိုဘာလ ၁၀ရက်တွင် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ဦးဆောင် သူ အချို့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ကဝက်ကျေးရွာ အ.ထ.ကမှ ကျောင်းအုပ်ဆရာကြီးကို တရားစွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားစွဲဆိုသည့် ကျောင်းသားများနှင့် မိသားစုဝင်များကို ဖိအားမပေးကြရန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကဝက်ကျေးရွာ အထကကျောင်းမှ ဆရာ၊ ဆရာမများကို သတိပေး ပြောကြားသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ဆူပူမှုဖြစ်စေရေးအတွက် လှုံ့ဆော်ရန် ကျပ်ငါးသိန်းပေးကာ မကွေးတိုင်းဘက်သို့ လာရောက် စည်းရုံးမှုရှိကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တည်ဆောက်မည့် တိုင်းလွှတ်တော်တည်ဆောက်ရေး ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် အသေးစိတ်စာရင်း ရေးဆွဲနေကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ဇူလိုင်လ ၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပိုင် ပစ္စည်းများ ရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲနိုင်ရန် တိုက်တွန်းကြောင်းအဆိုကို ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်က တင်သွင်းခဲ့သည်။
မကွေးအခြေစိုက် သတင်းထောက် သုံးဦးကို မကွေးမြို့နယ်၊ မယ်လှတောင် ကျေးရွာအုပ်ချုပ်ရေးမှူးက ဇွန်လ ၁၀ ရက်နေ့က ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း မကွေးမြို့နယ်၊ အမှတ် ၂ ရဲစခန်းထံမှ သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဒသမ ၄၅၉ ဘီလီယံကို စာရင်းမရှိ သုံးစွဲခဲ့မှုတွင် လက်ရှိအစိုးရထံ ကျပ်သန်း ၁၈၀ဝ ပြန်လည် ပေးသွင်းထားပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ကားချပ်ပြိုင်ပွဲတွင် ဆုရွေးချယ်ရေးအဖွဲ့၏ ဆုရွေးချယ်ထားမှုကို တိုင်းအစိုးရက ပြန်ရွေးချယ်ပါက ဆုရွေးချယ်ရေးအဖွဲ့တွင် ပါဝင်သည့် ပန်းချီပညာရှင်များအဖွဲ့မှ နုတ်ထွက်မည်ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ် ၁၃ မြို့နယ်ရှိ ကျေးရွာ ၄၆၅ ရွာမှ ကျေးလက်အိမ်ခြေ သုံးသောင်းခန့်ကို နေရောင်ခြည် စွမ်းအင်သုံး၊ (ဆိုလာစနစ်) ဖြင့် လျှပ်စစ်မီး ပေးမည်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းများမှ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်းပေါင်း ငါးသောင်းမှ ခုနစ်သောင်းထိ လွှဲပြောင်းပေးရန် ကျန်ရှိနေသေးကြောင်း လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။