News

POST TAGGED AS

တိုင်းရင်းသား

မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလများတွင် ကောက်ယူခဲ့သော လူဦးရေသန်းခေါင်စာရင်း အသီးသီးတွင် တိုင်းရင်းသားလူမျိုးစု ၁၃၅ စုဆိုသည်ကိုသာ တွေ့ရပြီး ရိုဟင်ဂျာလူမျိုး ဆိုသည်ကို မည်သည့် သန်းခေါင်စာရင်းမှာမှ မတွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အတည်ပြု ပြောကြားသည်။
စဉ်းစားကြည့်လျှင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအကြား နိုင်ငံရေး သဘောတူညီချက် မရနိုင်သေးပါက အကြမ်းဖက်တိုက်ခိုက်မှု သံသရာ ဆက်လည်နေဦးမည့် အလားအလာ ရှိနေသည်
မောင်တောဒေသတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တိုင်းရင်းသားများကို ကူညီထောက်ပံ့ရန် လှူဒါန်းထားမှုများအနေနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ကျပ်သိန်း ၂၄၈၆၈ ကျော် ကျန်ရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက ပြောသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့မအားကစားကွင်းကြီးတွင် ဇန်နဝါရီလ ၁၆ ရက်မှစတင်ကာ လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်ကို သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဖိလစ်မွန်းပန်းက ပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး လုပ်ငန်းစဉ်များအတွက် လာမည့် ၂၀၁၈-၁၉ ဘတ်ဂျက်နှစ်တွင် ဒေါ်လာတစ်သန်းခန့် ထပ်မံတိုးမြှင့် သုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုအဆင့် အပစ်ရပ် စောင့်ကြည့်ရေး ကော်မတီ (JMC-U) အစည်းအဝေးမှ သိရသည်။
ရှမ်းတိုင်းရင်းသားပါတီ နှစ်ခုဖြစ်သော SNDP (ကျားဖြူပါတီ) နှင့် SNLD (ကျားခေါင်းပါတီ)တို့ ပူးပေါင်း ဆောင်ရွက်ရေး ပြုလုပ်နိုင်ရန် ကျားဖြူပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းလှကျော်က ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) ၏ အလှည့်ကျ သဘာပတိ ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်ထံ တင်ပြလိုက်ကြောင်း SNDP မှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်နန်းဝါနုက ပြောကြားသည်။