News

POST TAGGED AS

တိုင်းရင်းသား

ကမန်တိုင်းရင်းသားထဲတွင် ဘင်္ဂါလီလူမျိုးများ မှတ်ပုံတင်ရရှိထားသည့် အခြေအနေနှင့် ကမန်တိုင်းရင်းသားဦးရေ စာရင်းကိစ္စကို လေးလခန့်ကြာသည်အထိ စိစစ်ပေးမည်ဟုသာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားမှုမှာ အကြောင်းအမျိုးမျိုးကြောင့် ခရီးမပေါက်သည်ကို တွေ့ရှိရကြောင်း စက်တင်ဘာ ၁၈ ရက်နေ့က ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးသို့ တင်သွင်းသည့် တိုင်းဒေသကြီး လွှတ်တော်တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာအရ သိရသည်။
တနင်္သာရီတိုင်းအတွင်းရှိ တိုင်းရင်းသား ကျောင်းသားများရှိသည့် ကျောင်းအချို့တွင် သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကား ကျွမ်းကျင်သည့် သင်ကြားမှု အထောက်အကူပြု နေ့စားလပေးဆရာ၊ ဆရာမများ ခန့်ထားမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
ပဲခူးတိုင်း​ဒေသကြီး အ​နောက်​ပိုင်းပြည်​မြို့၊ မြို့တော်ခန်းမတွင်​ ​စက်တင်ဘာလ ၈ ရက်နေ့က ဒေသခံရခိုင်​တိုင်းရင်းသား လုပ်ငန်းရှင်​များ စုပေါင်း၍ အဖွဲ့ဖွဲ့စည်းခဲ့​ကြောင်း ရခိုင်​တိုင်းရင်းသား လုပ်​ငန်းရှင်​လည်းဖြစ် နာယကဦးကျောက်​​တောင်​က ​ပြောကြားသည်​။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အလျင်အမြန်ညှိနှိုင်းကာ တိုက်ပွဲများ လျှော့ချရေးအတွက် တွေ့ဆုံဆွေးနွေးရန် အရေးကြီးအဆိုတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသော်လည်း တင်ခွင့်မပြုဘဲ ပယ်ချခဲ့ကြောင်း အဆိုပါ အဆိုတင်သည့် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား ဒေါ်နန်းခမ်းအေးက ပြောကြားသည်။
တိုင်းရင်းသားမျိုးနွယ်စု ရှစ်မျိုးကိုအခြေခံ၍ မျိုးနွယ်စုတစ်ခုချင်းစီအလိုက် မဲပေးစနစ်နှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း မိတ်ဆက်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်ခဲ့သည်။
... အစိုးရနဲ့ တစ်ခါတွေ့လိုက်၊ တပ်မတော်နဲ့ တစ်မျိုးဆုံလိုက် ဆိုတာမျိုးထက် ကျော်လွန်ပြီး ဒီလုပ်ငန်းစဉ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်သမ္မတ အနေနဲ့ကသာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ အခြားနိုင်ငံရေးပါတီတွေ၊ CSO တွေနဲ့ သီးခြားခေါ်ယူတွေ့ဆုံပြီး ဦးဆောင်သင့်တဲ့ကာလ ဖြစ်နေပါပြီ ...
မောင်တောမြို့ အငူမော်-မောင်တော ကားလမ်းဘေးရှိ သင်္ဘောကွေ့ရွာ၌နေ ထိုင်သော ရွှေ့ပြောင်းရခိုင်တိုင်းရင်းသားများ၏ အိမ်များကို အာဏာပိုင်များက ဖြိုဖျက်နေသဖြင့် ကျေးရွာအနီးရှိ ကျောက်ပန္တူ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြောင်း နေထိုင်သူများထံမှသိရသည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးပါဝင်သည့် ထိပ်သီးညီလာခံတစ်ရပ်ကို လာမည့် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီးစီးသည့်အချိန်တွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း အဆိုပါ လက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။
တရားဥပဒေ စိုးမိုးရေးဟုဆိုလျှင် သီအိုရီအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ဒေါက်တိုင်သုံးခုက အဓိက ကျသည်ဆိုသော်ငြား မြန်မာနိုင်ငံတွင်မူ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ကူညီ၊ ပံ့ပိုး၊ အားပေး၊ ထောက်ခံခြင်း၊ ကိုယ်တိုင် လက်တွေ့ လိုက်နာဆောင်ရွက်ခြင်းတို့ မရှိပါက မြန်မာပြည်သူ၊ ပြည်သားများ နေရာမရွေး၊ အချိန်မရွေး အေးချမ်း၊ လုံခြုံ၊ စိတ်ချသော ခံစားမှုမျိုး စိတ်တုံးတုံးချ ရရှိရန် ခက်ခဲနေဦးမည်