News

POST TAGGED AS

တိုက်ကြီး

တိုက်ကြီးမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်မှု အမျိုးသမီးတစ်ဦး ပါဝင်
တိုက်ကြီး၊ ဒီဇင်ဘာ ၁၆ 

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်စု ၉၅ ခုမှ အုပ်ချုပ်ရေးမှူးသစ်များကို ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ရာ အမျိုးသမီး အုပ်ချုပ်ရေးမှူးတစ်ဦး ရွေးချယ်တင်မြှောက်ခံရသည်။

တိုက်ကြီးမြို့နယ်တွင် ရပ်ကွက် ၂၀၊ ကျေးရွာအုပ်စု ၇၅ အုပ်စုရှိပြီး အုပ်ချုပ်ရေးမှူးသစ်များ ရွေးချယ်ပြီးဖြစ်ကြောင်း၊ ထိုသို့ရွေးချယ်ရာတွင် ဆင်ခြံကျေးရွာအုပ်စုမှ အမျိုးသမီး အုပ်ချုပ်ရေးမှူး ဒေါ်ခင်စန်းမြင့် (၅၁ နှစ်)ကို ဒေသခံများက ရွေးချယ်ခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

“အမျိုးသမီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးက ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကတစ်ဆင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရခြင်းဖြစ်ကြောင်း၊ ၎င်းအနေနှင့် ကျေးရွာပေါ်မှ လျှပ်စစ်မီးကြိုးများ ဖြတ်သန်းနေသော်လည်း ရွာတွင် မီးမရခြင်း၊ တိုက်ကြီးမြို့ပေါ်နှင့် ၎င်းတို့ကျေးရွာအကြား လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို လုပ်ဆောင်ပေးလိုကြောင်း ဆင်ခြံကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခံရသည် ဒေါ်ခင်စန်းမြင့်က ပြောသည်။

တိုက်ကြီးမြို့နယ် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကန့်ကွက်မှု၊ တိုင်ကြားမှုများကြောင့် ဖလုံဘူတာ ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာအုပ်စုနှင့် အင်္ဂလာကျေးရွာအုပ်စုမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်သည့် အစီအစဉ်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း တိုက်ကြီးမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးထံမှ သိရသည်။

R-19



FOLLOW US