News

POST TAGGED AS

တိုက်ကြီး

19-Feb-2018 tagged as ဆင် တိုက်ကြီး
တိုက်ကြီးမြို့နယ် ကင်းမတီကျေးရွာ မြိုင်ဟေဝန်ဆင်စခန်းအနီးတွင် ဆင်စားကျက်များ ရှားပါးလာသဖြင့် သစ်ထုတ်လုပ်ရေး ဆင် ၃၀ ကျော်ကို လှည်းကူးမြို့ ပေါင်းလောင်းဆည်အနီးရှိ ရိုးမအစပ်သို့ လေးလကြာ လွှတ်ကျောင်းမည်ဖြစ်ကြောင်း မြိုင်ဟေဝန်ဆင်စခန်းမှ ဆင်ဦးစီး ဦးအောင်စန်းဦးက ပြောသည်။
တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်လမ်းမနှင့် တစ်မိုင်ကျော်သာကွာဝေးသော မင်္ဂလာရပ်ကွက် လူသန့်အင်းကျေးရွာတွင် ဇန်နဝါရီလ ၇ ရက်တွင် တောဆင်ရိုင်းတစ်ကောင် ဝင်ရောက်လာမှုကြောင့် လူနေအိမ် ၆ လုံးနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ဖျက်ဆီးခံရကြောင်း မင်္ဂလာရပ်ကွက် ရာအိမ်မှူး ဦးမျိုးနိုင်က ပြောသည်။
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်စု ၉၅ ခုမှ အုပ်ချုပ်ရေးမှူးသစ်များကို ပြန်လည် ရွေးချယ်တင်မြှောက်ခဲ့ရာ အမျိုးသမီး အုပ်ချုပ်ရေးမှူးတစ်ဦး ရွေးချယ်တင်မြှောက်ခံရသည်။
13-Dec-2017 tagged as တိုက်ကြီး
တိုက်ကြီး-ဥက္ကံ စသည်တို့မှ အနောက်ပိုင်းတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်သို့ စီးနင်းသည့် ကျောင်းသူ၊ ကျောင်းသားများ အဆင်ပြေရန် တိုင်းအစိုးရ၏ အစီအစဉ်ဖြင့် ကျောင်းကားပြေးဆွဲမည်ဖြစ်ကြောင်း တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်-၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန်က ပြောကြားသည်။
22-Oct-2017 tagged as တိုက်ကြီး Disaster
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အေးရွာကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းပါးများ ဆက်တိုက်ပြိုကျခဲ့မှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသူများကို ထောက်ပံ့ရေး ပစ္စည်းများနှင့် အလှူငွေများ သွားရောက် လှူဒါန်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောကြားသည်။
17-Oct-2017 tagged as တိုက်ကြီး
တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးများ ပြိုကျမှုကြောင့် ယနေ့ (အောက်တိုဘာလ ၁၇ ရက်) နံနက် ၁ နာရီခန့်က နေအိမ်များဖျက်နေစဉ် ကမ်းပြိုကျခဲ့ရာ နေအိမ်ခြောက်လုံး မြစ်ထဲသို့ မျောပါခဲ့ကြောင်း အုန်းပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က ပြောကြားသည်။
တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စု ကွမ်းသီးမြောင် ကျေးရွာတွင် အောက်တိုဘာ ၁၄ ရက် နံနက် ၃ နာရီခန့်က တောဆင်ရိုင်း အုပ်စုလိုက် ဝင်ရောက်ကာ ဖျက်ဆီးမှုကြောင့် ကြံစိုက်ဧက ၄၀ နှင့် အိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တိုက်ကြီးမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာများ၏ ကြံစိုက်ခင်းများ၊ စပါးစိုက်ခင်းများနှင့် ရွာအတွင်းသို့ တောဆင်ရိုင်းများ အုပ်စုလိုက် ဝင်ရောက် ဖျက်ဆီးနေမှုကြောင့် မြိုင်ဟေဝန်ဆင်စခန်းမှ သစ်ထုတ်လုပ်ရေး ဆင်များဖြင့် ၎င်းတို့ကို မောင်းထုတ်နေရကြောင်း ဖလုံးဘူတာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးသွင်က ပြောကြားသည်။
30-Aug-2017 tagged as တိုက်ကြီး
တိုက်ကြီးမြို့တိုးဂိတ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေမှူးများက ယနေ့(သြဂုတ်လ ၃၀ ရက်) နံနက် ၁ နာရီခန့်က ယာဉ်ပိတ်ဆို့စစ်ဆေးနေစဉ် ပြည်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော NISSAN AD VAN ကားတစ်စီးပေါ်မှ လက်လုပ်သေနတ် နှစ်လက်နှင့် အမျိုးသားသုံးဦးကို ဖမ်းမိကြောင်း တိုက်ကြီးမြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ်ဇေယျာဦးက ပြောကြားသည်။
ရန်ကုန် တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရှမ်းစုရပ်ကွက် ပြည်တော်သာ (၇) လမ်းရှိ အိမ်တစ်လုံးတွင် ယနေ့ (ဇူလိုင်လ ၂၀ ရက်) နံနက် ၆ နာရီက အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကို အသက် ၅၁ နှစ်အရွယ် အမျိုးသားက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း တိုက်ကြီးမြို့မ ရဲစခန်းထံမှသိရသည်။