News

POST TAGGED AS

တိုက်ပွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် တရုတ်နိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့သူ မြန်မာနိုင်ငံသား ၁၀ဝ နီးပါးကို မေလ ၁၈ ရက်နေ့တွင် တရုတ်အစိုးရက ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း မူဆယ် လူဝင်မှုကြီးကြပ်ရေး ဌာနခွဲ ၇ ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက TNLA လက်နက်ကိုင်တပ်ဖွဲ့များနှင့် တပ်မတော်တို့ တိုက်ပွဲများထပ်မံဖြစ်ပွားခဲ့ရာ လားရှိုး-မူဆယ်လမ်းတွင် အတက်အဆင်းယာဉ်များ နာရီပိုင်းခန့် အသွားအလာ ရပ်ထားခဲ့ရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
နိုင်ငံရေး အမြတ်ထုတ်လိုသည့်အုပ်စုဟူသည် မည်သည့်ဘက်တွင်မဆို၊ မည်သည့်ခေတ်ကာလတွင်မဆို မလွဲမသွေ ရှိနေမည်သာဖြစ်သော်လည်း ပြည်သူများ၏ ပြင်းထန်သည့် စိတ်ခံစားချက်ကြောင့် စစ်မှန်သော ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေသူများ ရှေ့တန်းမရောက်ဝံ့တော့ဘဲ တစ်နပ်စား အချောင်သမားများ နေရာရလာမည်ဆိုပါက မြန်မာ့လူ့အဖွဲ့အစည်း၏ အနာဂတ်အရေး ပို၍သာရင်လေးဖွယ် ရှိတော့ကြောင်း
မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ဒေသအနီး မူဆယ်မြို့တွင်ဖြစ်ပွားသော တိုက်ပွဲနှင့်ပတ်သက်၍ တရုတ်အစိုးရက တနင်္ဂနွေနေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် မေလဆန်းပိုင်းမှစတင်ကာ စစ်ပွဲများရပ်ဆိုင်းရေးနှင့် တိုက်ပွဲများကြောင့် ပိတ်မိနေသူများ ကယ်ဆယ်ရေးနှင့် စစ်ဘေးရှောင်ဒုက္ခသည်ကို အကန့်အသတ် အတားအဆီးမှုမရှိဘဲ ကူညီခွင့်ပေးရေးအဖြစ် ဆန္ဒလှုပ်ရှားမှုပြုလုပ်ခဲ့ရာ ငြိမ်းချမ်းရေး လှုပ်ရှားပုံရိပ်များအဖြစ် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ယမန်နေ့ မေ ၁၂ ရက်က မူဆယ်တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် တရုတ်ပိုင်နက်အတွင်းသို့ ကျည်ဆန်ကျရောက်ခဲ့ကြောင်း (ထုတ်ပြန်ချက်တွင် အရမ်းမဲ့ပျံလာသော ကျည်ဆန်ဟု သုံးနှုန်းထားသည်) ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ယနေ့ မေ ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ကြား ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ပိတ်မိနေသူများ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန် ရခိုင်အမျိုးသားပါတီ (ANP) က တောင်းဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း မတ်လ ၂၀ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် (TNLA) တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့်အပြင် တပ်မတော်ဘက်ကလည်း ပစ်ခတ်မှုများရှိနေကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တပ်မတော်နှင့် တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။