News

POST TAGGED AS

တိုက်ပွဲရှောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် မိုင်းမုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံ ၈၀၀ ခန့်သည် တိုက်ပွဲကြားပိတ်မိနေမည်ကို စိုးရိမ်မှုကြောင့် မန်စံကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ခိုလှုံနေကြောင်း စစ်ဘေးရှောင်သူများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က ပြောကြားသည်။
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေတို့အကြား ဧပြီလ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ယင်းမြို့နယ်ရှိ ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံ တစ်ထောင်ကျော်အတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများစွာ လိုအပ်နေကြောင်း ယင်းကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။