News

POST TAGGED AS

တုပ်ကွေး

25-Jul-2017

တုပ်ကွေး
မတူပီဆေးရုံတွင် H1N1 ကြောင့် ဆေးကုသမှု ခံနေရသူများ ဆေးရုံမှဆင်း
ကလေး၊ ဇူလိုင် ၂၅

ချင်းပြည်နယ် မတူပီမြို့နယ် ပြည်သူ့ဆေးရုံတွင် H1N1 ရာသီတုပ်ကွေးရောဂါဖြင့် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော လူနာ ၁၀ ဦးအနက် ကိုးဦးမှာ ရောဂါပျောက်ကင်းပြီ ဖြစ်သဖြင့် ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောကြားသည်။

H1N1 ကူးစက်သူ လူနာ ၁၀ ဦးအနက် တစ်ဦးမှာ သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ မတူပီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေး ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ရောဂါတားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ယင်းဌာနများထံမှ သိရသည်။

R-20



FOLLOW US