News

POST TAGGED AS

တုတ်ဖြင့်ရိုက်

ဇနီးနှင့် လူမှုရေးဖောက်ပြန်ဟုဆိုကာ အမျိုးသားတစ်ဦးကို တုတ်ဖြင့်ရိုက်သတ်
ကျိုင်းတုံ၊ ဧပြီ ၂

ရှမ်းပြည်နယ် မိုင်းယောင်းမြို့နယ် ဝမ်ဖုတ်ကျေးရွာတွင် ဧပြီလ ၁ ရက် မွန်းလွဲပိုင်းက ဇနီးနှင့် လူမှုရေးဖောက်ပြန်သည်ဟုဆိုကာ ခင်ပွန်းသည်က တစ်ရွာတည်းနေသူ အမျိုးသားကို တုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း မိုင်းယောင်းမြို့မ ရဲစခန်းထံမှ သိရသည်။

“သူ့မိန်းမနဲ့ လူမှုရေးဖောက်ပြန်နေတယ်ဆိုပြီး တစ်ရွာတည်းနေ အမျိုးသားကို ရွာထဲက အသစ်ဆောက်နေတဲ့ အိမ်ထဲမှာ ဝင်ရိုက်သတ်ခဲ့တာ၊ ကျူးလွန်သူကိုလည်း ဖမ်းမိထားပါတယ်”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

ကိုအိုက်ကျောက် (၂၉ နှစ်) က ကိုအိုက်အွန် (၃၃ နှစ်) ကို ၃ ပေခန့်ရှည်ပြီး ၂ လက်မပတ်လည် သစ်သားတုတ်ဖြင့် ရိုက်ခဲ့ရာ ဦးခေါင်းနောက်စေ့ သွေးထွက်ဒဏ်ရာနှင့် ကျောပြင်ညိုမည်းဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း၊ ကျူးလွန်သူကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း မိုင်းယောင်းမြို့မ ရဲစခန်းထံမှ သိရသည်။  

R-16



FOLLOW US