News

POST TAGGED AS

တုတ်ဖြင့်ရိုက်

အဘွားအိုနားရွက်ကို ဓားဖြင့်လှီးဖြတ်၍ နားကပ်လုသည့် တပ်မတော်သားကို ဖမ်းမိ
ကျိုင်းတုံ၊ ဧပြီ ၂

ရှမ်းပြည်နယ် မိုင်းဖြတ်မြို့ ဝမ်ဟွေရပ်ကွက် ရှုခင်းသာဂေါက်ကွင်းအနီးရှိ တောထဲတွင် ဧပြီလ ၂ ရက် နံနက်ပိုင်းက အသက် ၇၀ ကျော် အဘွားအို၏ နားရွက်ကို ဓားဖြင့်လှီးပြီး နားကပ်လုသွားသော တပ်မတော်သားတစ်ဦးကို ဖမ်းမိခဲ့ကြောင်း မိုင်းဖြတ်မြို့မရဲစခန်းထံမှ သိရသည်။

“အဘွားကြီးက သူ့တောင်ယာတဲမှာ လာမနားဖို့ ပြောတဲ့အတွက် အဲဒီရဲဘော်က လည်ပင်းညှစ်ပြီး ဓားနောင့်နဲ့ ခေါင်းကိုထုတဲ့အပြင် ခုတ်တယ်။ အဘွားကြီး မေ့လဲသွားချိန်မှာ နားရွက်တွေကို ဓားနဲ့လှီးပြီး နားကပ်ယူသွားတာပါ”ဟု ကျိုင်းတုံမြို့ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

အဆိုပါဖြစ်စဉ်တွင် အသက် ၇၃ နှစ်အရွယ် ဒေါ်ပါကောင်းသည် ဘယ်ချိုစောင်းနှင့် ဘယ်ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ၊ ဘယ်ညာနားရွက်ပြတ်ရှ ဒဏ်ရာတစ်ချက်စီနှင့် ဘယ်လက်ခလယ်၊ ဘယ်လက်သူကြွယ်တို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ကျူးလွန်သူ တပ်သားနေမျိုးသူ (၃၀ နှစ်)ကို ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၃၂၆ ဖြင့် အရေးယူထားကြောင်း မိုင်းဖြတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US