News

POST TAGGED AS

တိုင်းရင်းသား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် မော်တော်ယာဉ်ဖြင့် အောင်ဘာလေထီ လှည့်လည်ရောင်းချသည့် အမျိုးသား ၉ ဦးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့မှု ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
“(ကျွန်တော်က) တိုင်းရင်းသားဖြစ်နေလို့လား။ (ရုပ်ရှင်က) မကောင်းလို့ဆိုလည်း ဘာလို့ အကယ်ဒမီ ပေးနေသေးလဲ” လို့ အကယ်ဒမီရပြီး တစ်နှစ်ကျော်ကြာတဲ့အထိ ရုံတင်ခွင့်မရခဲ့တဲ့ သူ့ဇာတ်လမ်းအတွက် အကျေမနပ် ဖြစ်နေတဲ့ JZ ဒေါင်လွဏ်းက ပြောပါတယ်။
မွန်ပြည်နယ်မြို့နယ်အချို့ရှိ အစွန်အဖျားဒေသတွင် နေထိုင်သော တိုင်းရင်းသားအချို့ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ရရှိရေးအတွက် ပြည်နယ်အစိုးရအနေနှင့် အထူးစီမံချက်တစ်ရပ်အနေနှင့် အကောင်အထည်ဖော်သင့်ကြောင်း သထုံမြို့နယ် မဲဆန္ဒနယ်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။
အခြားတစ်ဖက်က ပြည်တွင်းပြည်ပက လော်ဘီတွေအနေနဲ့လည်း ဒီလို အရေးကြီးနေတဲ့အချိန်မှာတောင် ဒီကိစ္စဟာ အစိုးရနဲ့မဆိုင်ဘူး၊ တပ်မတော်နဲ့သာ ဆိုင်တယ်၊ တစ်ဖက်ကလည်း ဒါတပ်မတော်နဲ့မဆိုင်ဘူး၊ ကိုဖီအာနန်ကော်မရှင် ဖွဲ့စည်းခဲ့ခြင်းရဲ့ အကျိုးဆက်တွေကြောင့်သာ ဖြစ်တယ်လို့ဆိုတဲ့ သွေးကွဲစကားတွေနဲ့ အပြန်ပြန် အလှန်လှန် အပြစ်တင်ရင်း အပြစ်တင် သွေးကွဲနေကြတုန်းဆိုတာလည်း လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေအထက်မှာ မြင်ကြရမယ်ထင်ပါတယ်။
Cherry FM မှ အဓိကကူညီပံ့ပိုးပေးပြီး ရှမ်းအသင်းကိုးသင်းနှင့်ပူးပေါင်းကာ ရန်ကုန်ရောက် ရှမ်းတိုင်းရင်းသားများ ရိုးရာသင်္ကြန်ကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့မှ ပွဲစီစဉ်သူ ဦးဆိုင်းအောင်ခေဆင့်က ပြောကြားသည်။
မောင်တောမြို့နယ် တောင်ပိုင်းတွင် သင်္ဘောကွေ့ကျေးရွာသစ်ထူထောင်ကာ နေထိုင်ကြသော ရွှေ့ပြောင်း တိုင်းရင်းသားများကို အင်းဒင်ကျေးရွာသို့ ပြောင်းရွှေ့ခိုင်းရာ ယင်းရွာ၌ ဆင်ရိုင်းအန္တရာယ်ကို စိုးရိမ်ရ၍ မပြောင်းရွှေ့လိုကြောင်း ကျေးရွာသားများကပြောသည်။
ကရင်ပြည်နယ် ဘားအံမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့)အထိ ကျင်းပမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်ကြောင်း ကရင်ပြည်နယ် အစိုးရထံမှ သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်မှ ၁၂ ရက် (ပြည်ထောင်စုနေ့) အထိ ကျင်းပမည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ကရင်ပြည်နယ်အစိုးရထံမှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း နေထိုင်လျက်ရှိသည့် “ပျူမျိုးနွယ်စု (ခေါ်) တောင်သားလူမျိုးများကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးစာရင်းတွင် လူမျိုးအမည် ကုတ်နံပါတ်ရရှိရေး အဆို”ကို မကွေးတိုင်းလွှတ်တော်တွင် တင်သွင်းဆွေးနွေးခဲ့သည်။
မန္တလေးမြို့ပေါ်တွင်နေထိုင်သော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားအခြေအနေနှင့် စိတ္တဗေဒအခြေအနေများ သိရှိနိုင်ရန် ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း သုတေသနစစ်တမ်း ကောက်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း လွှတ်တော် တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာ ကော်မတီထံမှ သိရသည်။