News

POST TAGGED AS

တိုက်ပွဲ

'ကာကွယ်ရေးအပိုင်းတွင်မူ တပ်မတော်တွင် အဓိကတာဝန်ရှိကြောင်း၊ သို့သော် တပ်မတော်တစ်ခုတည်း လုပ်ဆောင်၍ မရဘဲ အုပ်ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုတို့က ၀န်းရံလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူမပါဘဲ စစ်မနိုင်နိုင်ကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ကာကွယ်ရေးတို့တွင် ပြည်သူပူးပေါင်း ပါဝင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း'
29-Nov-2016 tagged as တိုက်ပွဲ
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားပြီး ရှစ်ရက်အကြာတွင် မူဆယ်ဈေးကြီး အပါအဝင် စာသင်ကျောင်းများနှင့် ပုဂ္ဂလိကဘဏ်များ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။
27-Nov-2016 tagged as တိုက်ပွဲ
ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် မန္တလေးမြို့မှ တစ်ဆင့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန် သွယ်ရေးစခန်းထိ ကုန်စည်ပို့ဆောင်မည့် ကုန်တင်ကားကြီးများ ငှားရမ်းခမှာ ယခင်ထက် နှစ်ဆခန့် ဈေးတက်သွားသည့်အပြင် ငှားရန်လည်း ခက်ခဲသွားကြောင်း မန္တလေးမြို့ခံ ကုန်စည်ပို့ဆောင် ရောင်းချနေသူများထံမှ သိရသည်။
“၁၀၅ မိုင်နဲ့ကုန်သွယ်မှုဇုန်ကို လက်နက်ကိုင်အဖွဲ့တွေဝင်ပစ်တယ်တိုက်ပွဲတွေဖြစ်နေတယ်လို့ကြားတာနဲ့ ဆိုင်ကိုနေ့ခင်း တစ်နာရီလောက်မှာပိတ်လိုက်တာပါ။ ဒီနေ့တော့မနက်ထဲကပြန်ဖွင့်ပါတယ်” ဟု လားရှိုးမြို့ရှိ အာသောကစက်သုံးဆီ အရောင်းဆိုင်မှ ဒေါ်အေးအေးက ပြောဆိုသည်