News

POST TAGGED AS

တိုက်ပွဲ

မဟာမိတ်တပ်ပေါင်းစုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရှမ်းလွှတ်တော်အတည်ပြု

တောင်ကြီး၊ ဒီဇင်ဘာ ၇


ရှမ်းပြည်နယ်မြောက်ပိုင်းဖြစ်ပွားနေသည့်တိုက်ပွဲများတွင် KIA၊ TNLA နှင့် MNDAA လက်နက်ကိုင် သောင်းကျန်းသူများကို ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အရေးကြီးအဆိုကိုတင်သွင်းခဲ့ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အတည်ပြုသတ်မှတ်လိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ယင်းအရေးကြီးအဆိုကို ဒီဇင်ဘာ ၆ ရက်က ကျင်းပသည့် ရှမ်းပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်သူက တင်သွင်းခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ရန် အဆိုကို ယနေ့ဒီဇင်ဘာလ ၇ ရက်က ရှမ်းပြည်နယ်လွှတ်တော်တွင် ဆွေးနွေးရာ ထောက်ခံဆွေးနွေးသူ ခြောက်ဦး ကန့်ကွက်ဆွေးနွေးသူ နှစ်ဦးရှိခဲ့ပြီးနောက် လျှို့ဝှက်မဲဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၆၃ မဲ၊ ကန့်ကွက်မဲ ၄၅ မဲနှင့် ကြားနေ ခုနစ်မဲတို့ဖြင့် ယင်းအဆိုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။




FOLLOW US