News

POST TAGGED AS

တိုက်ပွဲ

ကျိုင်းတုံတွင် စက်သုံးဆီဈေး မြင့်တက်
ကျိုင်းတုံ၊ အောက်တိုဘာ ၂၀
ကျိုင်းတုံမြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ - ရန်နိုင်)

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် အောက်တိုဘာလဆန်းပိုင်းကစတင်၍ စက်သုံးဆီဈေးနှုန်း တဖြည်းဖြည်း မြင့်တက်လျက်ရှိရာ လက်ရှိတွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၉၀၀အထိ စံချိန်တင်မြင့်တက်လာကြောင်း ဒေသခံများက ပြောကြားသည်။

ကျိုင်းတုံမြို့သည် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများထက် စက်သုံးဆီဈေးနှုန်းအမြဲမြင့်တက်ကြောင်း၊ လက်ရှိတွင် ဒီဇယ်တစ်လီတာလျှင် ကျပ်၈၀၀၊ ဓာတ်ဆီ(ရိုးရိုး)တစ်လီတာလျှင် ကျပ် ၈၂၀ နှင့် ဓာတ်ဆီ(စူပါ) တစ်လီတာလျှင် ကျပ် ၉၀၀အထိ ဈေးမြင့်တက်လာကြောင်း ၎င်းတို့ကဆိုသည်။

“အခြားဒေသတွေထက် စက်သုံးဆီဈေးနှုန်းတွေမြင့်တာတော့ အမှန်ပဲ။ လဆန်းပိုင်းမှာကို တစ်လီတာ ၁၀၀ ကျပ်အထိ တက်သွားတယ်” ဟု ကျိုင်းတုံမြို့နယ် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ)ဥက္ကဋ္ဌ ဦးဟန်သင်းက ဆိုသည်။

ကျိုင်းတုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်၁၀ဆိုင်ခန့်သည် ထိုင်းနိုင်ငံမှတစ်ဆင့် စက်သုံးဆီများ တင်သွင်းရောင်းချရခြင်းဖြစ်ရာ သယ်ယူစရိတ်အပါအဝင် ထိုင်းနိုင်ငံသုံးဘတ်ငွေတန်ဖိုးမြင့်တက်ပါက ပြန်လည်ရောင်းချသည့် စက်သုံးဆီ ဈေးနှုန်းများမြင့်တက်ခြင်းဖြစ်ကြောင်းယင်းမြို့ UST မိသားစုစက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ဆီဈေးကဘတ်ငွေနဲ့ဝယ်ယူရတာဆိုတော့ ကျပ်ငွေတန်ဖိုးကျပြီး ဘတ်ငွေတန်ဖိုးတက်ရင် ဒီမှာပြန်ရောင်းတဲ့ဆီဈေးကမြင့်သွားတတ်တယ်” ဟု ၎င်းက ဆိုသည်။



FOLLOW US