News

POST TAGGED AS

တိမ်းမှောက်

မအူပင်တွင် ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်


ပုသိမ်၊ မေ ၂၇

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ မအူပင်-ရေလဲ-ရွှေတောင်မှော်လမ်း ရေလဲရွာအနီး မိုင်တိုင်အမှတ် ၇/၁ တွင် မေလ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ခရီးသည်တင် ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဟီးနိုးခရီးသည်တင်ယာဉ်မှာ မအူပင်မြို့ဘက်မှ ရွှေတောင်မှော်ဘက်သို့ မောင်းလာစဉ် တိမ်းမှောက်ခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

အဆိုပါယာဉ် တိမ်းမှောက်မှုကို အသေးစိတ်စစ်ဆေးနေပြီး ယာဉ်မောင်း ဦးမျိုးသန့်ကို ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အရေးယူထားကြောင်း မအူပင်မြို့မရဲစခန်းမှ တာဝန်ရှိရဲအရာရှိက ပြောသည်။ 

R-12



FOLLOW US