News

POST TAGGED AS

တာမွေ

15-Mar-2017

တာမွေ
တာမွေထွေအုပ်ရုံးဝင်းတွင် ဒုဦးစီးမှူး ကြိုးဆွဲချ သေဆုံး
ရန်ကုန်၊ မတ် ၁၅

တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝင်းတွင် ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၁၀ နာရီက ကြိုးဆွဲချ သေဆုံးနေသည့် ဒုဦးစီးမှူး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အသက် ၂၇ နှစ်အရွယ် ဒုဦးစီးမှူး ဦးနေမျိုးဆွေမှာ အဆိုပါဌာနဝင်းရှိ အနောက်ဘက် ၎င်းနေထိုင်သည့် လိုင်းခန်းတွင် ဘယ်ဘက်နဖူး ပေါက်ပြဲဒဏ်ရာဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ၎င်း၏ လက်ကိုင်ဖုန်းကို စစ်ဆေးခဲ့ရာ ယနေ့(မတ်လ ၁၅ ရက်) နံနက် ၈ နာရီခွဲအချိန်ထိ ပြင်ပနှင့် ဖုန်းအဆက်အသွယ် ပြုခဲ့ကြောင်း တာမွေမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောကြားသည်။ 

ဒုဦးစီးမှူး သေဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိပြီး ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ရန် ဆောင်ရွက်နေကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03

  • VIA


FOLLOW US