News

POST TAGGED AS

တာမွေ

23-Feb-2017

တာမွေ
မေတ္တာညွန့်ရပ်ကွက်တွင် ကားတစ်စီး မြောင်းထဲထိုးကျ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ အုတ်ခွက်ဘုရားရှေ့ စွမ်းထက်ချမ်းသာတံတားတွင် ယနေ့ (ဖေဖော်ဝါရီလ ၂၃) မွန်းတည့် ၁၂ နာရီခန့်က ဟိုက်ဂျက်ယာဉ်တစ်စီးမှာ ဆိုင်ကယ်တစ်စီးကို ရှောင်ရာမှ အရှိန်လွန်ပြီး တံတားသံဘောင်ကို ဝင်တိုက်ကာ ရေမြောင်းထဲသို့ ယာဉ်ထိုးကျခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဟိုက်ဂျက်ကားက နေမျိုးသူရလမ်းအတိုင်း မောင်းလာတာ။ တံတားပေါ်အရောက်မှာ မျက်နှာချင်းဆိုင် မောင်းလာတဲ့ ဆိုင်ကယ်ကို ရှောင်ရင်း အရှိန်လွန်ပြီး တံတားသံဘောင်ကို ဝင်တိုက်ရာက မြောင်းထဲထိုးကျသွားတာ။ ကားမောင်းတဲ့ အမျိုးသမီး ခါးပတ်ပတ်ထားလို့ တော်သေးတယ်။ ထိခိုက်ဒဏ်ရာ မရှိခဲ့ပါဘူး” ဟု တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောဆိုသည်။

Photo -  AT



FOLLOW US