News

POST TAGGED AS

တာဝါတိုင်

မကွေးတိုင်း ချောက်မြို့ အမှတ် (၈) သာယာအေးရပ်ကွက်ရှိ တောင်မြေကမ်းပါးစောင်း မြေကွက်လပ်တွင် MPT ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်နေခြင်းအပေါ် ယင်းဆက်သွယ်ရေးတာဝါတိုင် ပြိုကျမည်ကို စိုးရိမ်သည့်အတွက် တည်ဆောက်ခြင်းမပြုလုပ်ရန် ကန့်ကွက်ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။
မကွေးတိုင်း အထက်မင်းလှမြို့နယ် ရေနံမကျေးရွာ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာ၌ ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က တည်ဆောက်ဆဲ လျှပ်စစ်တာဝါတိုင် ဆိုင်းကြိုးပြတ်ပြီး လဲကျ၍ လူနှစ်ဦးထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ရေနံမနယ်မြေ ရဲစခန်းထံမှသိရသည်။
ပြည်မြို့၊ ဆင်စုရပ်ကွက်၊ မိချောင်း ရဲရပ်အတွင်း ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်နေမှုကို ကန့်ကွက်စာ တင်ထားသော်လည်း လုပ်ငန်းရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက် လုပ်ဆောင်နေသည့်အတွက် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက်က ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူ ဒေါ်ဆွေဆွေသက်က ပြောကြားသည်။
လက်ရှိ ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများသည်လည်းကောင်း၊ အစိုးရနှင့် မိုဘိုင်းလ် ဖုန်းကုမ္ပဏီများ၏ ဆက်သွယ်ရေး စီမံကိန်း၊ စီမံချက် လုပ်ငန်းခွင်များတွင်လည်းကောင်း International Telecommunication Union - ITU ခေါ် နိုင်ငံတကာ ဆက်သွယ်ရေး အဖွဲ့ကြီးက သတ်မှတ်ထားသော စံချိန်စံညွှန်းများအတိုင်း ရေးဆွဲထားခြင်း မဟုတ်ပေ။ ထို့ကြောင့် မိုဘိုင်းလ် တယ်လီကွန်း ကုမ္ပဏီများ ကသော်လည်းကောင်း၊ မြန်မာ့ ဆက်သွယ်ရေး ကသော်လည်းကောင်း အနိမ့်ဆုံးအဆင့် တယ်လီဖုန်း တာဝါတိုင်များ ဆောက်လုပ်သည့်အခါ လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများ ထုတ်ပြန်သတ်မှတ် လိုက်နာခြင်း မ...