News

POST TAGGED AS

တာချီလိတ်

ယမန်နေ့နံနက် အရုဏ်တက်ခါနီးအချိန်က တာချီလိတ်မြို့ အချုပ်ထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် တရားခံနှစ်ဦးနှင့် အမှုစစ်ဆေးဆဲ အချုပ်သားသုံးဦး အချုပ်ခန်းအမိုးကိုဖောက်ကာ ထွက်ပြေးသွားခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရှိရသည်။
ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး ပန်ဟွန်းရွာအနီးတွင် ဇန်န၀ါရီလ ၃ ရက်နေ့ နံနက် ၇ နာရီခန့်က ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းလုပ်လမ်းလျှောက်နေသည့် တပ်မတော်သားတစ်ဦး ဆိုင်ကယ်အတိုက်ခံရ၍ ခြေထောက်ကျိုးသွားကြောင်း ကျိုင်းတုံမြို့ အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ်စောသန်းဦးက ပြောကြားသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု ဟွေလမ်းရွာအနီးတွင် ဒီဇင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီခန့်က ဆိုင်ကယ်စီးလာသော လူငယ်နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းခန့်ကို ဖမ်းမိကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။
25-Nov-2017 tagged as တာချီလိတ်
ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ ဂိုဒေါင်တစ်ခုမှ ပစ္စတိုသေနတ်တစ်လက်၊ ကျည်မျိုးစုံ ၃၅၀ခန့်နှင့် ကျပ်သိန်း ၁၆၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးများ အပါအဝင် ဆက်စပ်ပစ္စည်းများ နိုဝင်ဘာ ၂၄ ရက်၊ ညနေ ၄ နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့ အမှတ် (၃၀) မူးယစ်တပ်ဖွဲ့စုထံမှ သိရှိရသည်။
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် ယမ်းခေါင်ရွာတွင် နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက အမျိုးသားနှစ်ဦးထံမှ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု (၃၀)ထံမှ သိရှိရသည်။
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာအိုခမ်းရပ်ကွက်တွင် နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ကျပ်သိန်း ၉၀ ခန့်စီ တန်ဖိုးရှိသည့် ဘိန်းမဲများ သယ်ဆောင်လာသော မိန်းကလေးငယ်များ ပါဝင်သည့် မူးယစ်ဆေး သယ်ဆောင်လာသူ ငါးဦးကို ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု အမှတ်(၃၀)ထံမှ သိရှိရသည်။
29-Sep-2017 tagged as တာချီလိတ်
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပါလျံ (၂) ရပ်ကွက်တွင် စက်တင်ဘာလ ၂၈ ရက် ည ၉ နာရီခွဲခန့်က နေအိမ်တစ်လုံး မီးလောင်ခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ယင်းပြည်နယ် မီးသတ်ဦးစီးမှူး ရဲသူရိန် သိန်းမြင့်က ပြောကြားသည်။
15-Sep-2017 tagged as တာချီလိတ်
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဆောက်လုပ်ရေးလုပ်သားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် ဩဂုတ်လ ၂၃ ရက်နေ့က ကျပ်သိန်းပေါင်း ၃၇၀၀၀ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါး ၁၄၈ ကီလိုနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုထံမှ သိရသည်။
10-Jul-2017 tagged as တာချီလိတ်
တာချီလိတ်မြို့ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၉ ရက် နေ့လယ်ပိုင်းက ပရိုဗောက်ယာဉ်ဖြင့် သယ်ဆောင်လာသည့် ကျားသေတစ်ကောင်ကို တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနက ဖမ်းဆီးရမိခဲ့သည်။