POST TAGGED AS

တာချီလိတ်

တာချီလိတ်တွင် ပေါက်ကွဲမှုဖြစ်၍ တစ်ဦးဒဏ်ရာရ

ကျိုင်းတုံ၊ ဇန်နဝါရီ ၅

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု ဝှေလှေလန်ကျေးရွာအနီးရှိ မြန်မာဧရာမွန် လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်တွင် ဇန်နဝါရီလ ၄ ရက်နေ့ ည ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်၍ လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် အကျယ် တစ်ပေခန့်နှင့် အနက် ငါးလက်မခန့်ရှိ ကျင်း တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း၊ ဂိတ်တာဝန်ကျ ဝန်ထမ်း ၁၀ ဦးအနက် အသက် ၁၇ နှစ်အရွယ် မောင်ကျော်ကျော်ထက်သည် ဝဲဘက်နဖူး ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး လူနေ အဆောက်အအုံနှင့် ဂိတ်မှန်များ၊ အုတ်ကြွပ်အမိုးများ ပျက်ဆီးသွားခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ပေါက်ကွဲမှုဖြစ်ပြီး လူငယ် တစ်ယောက်ဒဏ်ရာရလို့ တာချီလိတ်ဆေးရုံမှာ တင်ထားရတယ် ဆိုတာတော့ ဟုတ်ပါတယ်။ လက်ရှိက စစ်ဆေးနေဆဲမို့ ဘာပေါက်ကွဲမှု ဆိုတာကို ပြောလို့မရသေးဘူး”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး (ဦးစီး) မျိုးသိန်းက ပြောကြားသည်။

R-16



FOLLOW US