News

POST TAGGED AS

တာချီလိတ်

တာချီလိတ်တွင် ကျပ်သိန်းလေးသောင်း တန်​ဖိုးရှိ Ice မူးယစ်ဆေးများ ဖမ်းမိ


ကျိုင်းတုံ၊ ဧပြီ ၂၀

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်စတုံကျေးရွာအဝင် ပြည်သူ့စစ်စခန်းရှေ့တွင် ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်က မော်တော်ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်းလေးသောင်း တန်ဖိုးရှိ Ice မူးယစ်ဆေးများ ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု (၃၀) ထံမှ သိရသည်။

အဆိုပါနေ့ရက်က ပူးပေါင်းအဖွဲ့ဝင်များသည် မိုင်းဟဲရွာဘက်မှ တာချီလိတ်မြို့သို့ အားဂျာဆိုသူ တစ်ဦးတည်း မောင်းနှင်လာသည့် VIGO ယာဉ်ကို အခင်းဖြစ်နေရာတွင် စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းအတွင်းမှ ကျပ်သိန်းလေးသောင်း တန်ဖိုးရှိ Ice မူးယစ်ဆေး ၂၀၀ ကီလိုခန့်အပါအဝင် လက်ကိုင်ဖုန်းသုံးလုံးနှင့် ထိုင်းဘတ်ငွေ ၃၀၅၀၀ ကို ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အသက် ၃၅ နှစ်ခန့်အရွယ် အားဂျာဆိုသူကို မယ(ပ)၃၁/ ၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က)/ ၂၀ (က) ဖြင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။

R-16



FOLLOW US