News

POST TAGGED AS

တာချီလိတ်

နမ္မတူတွင် စားသုံးရန်မသင့်သည့် အစားအသောက်များကို စစ်


လားရှိုး၊ မတ် ၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းရှိ အီနိုင်းကျေးရွာဈေးတွင် စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချခြင်း ရှိ မရှိကို စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တို့က မတ်လ ၆ ရက်နေ့က သွားရောက်စစ်ဆေးခဲ့သည်။ 

အဆိုပါကျေးရွာဈေးသည် ငါးရက်တစ်ကြိမ်ရောင်းချသည့် ရွာဈေးဖြစ်ပြီး ယင်းသို့စစ်ဆေးရာတွင် အမှတ်တံဆိပ်မပါရှိသည့် ငရုတ်သီးမှုန့်များ၊ တရုတ်နိုင်ငံမှတင်သွင်းလာသည့် အချိုရေဘူးများ၊ ပင်လယ်စာအစပ်များနှင့် တရားမဝင်တင်သွင်းလာသည့် ဆေးဝါးအချို့တွေ့ရှိခဲ့သဖြင့် ရောင်းချခြင်းမပြုရန် ကနဦးသတိပေးခဲ့ကြောင်း လားရှိုးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှူး ဦးမြတ်မင်းစိုးက ပြောကြားသည်။

ယင်းနောက် လာမည့်သီတင်းပတ် ဈေးနေ့တွင် ယခုတားမြစ်ထားသည့် ပစ္စည်းများကို ထပ်မံရောင်းချခြင်းရှိမရှိ စစ်ဆေးကာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

R-07




FOLLOW US