News

POST TAGGED AS

တာချီလိတ်

အီဂျစ်သမ္မတဟောင်း မော်စီနှင့် အခြား ၁၉ ဦး ထောင်သုံးနှစ်ကျ

ကိုင်ရို၊ ဒီဇင်ဘာ ၃၀

တရားစီရင်ရေးအပေါ် မထီမဲ့မြင်ပြုမှုဖြင့် အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီနှင့် အခြား ၁၉ ဦးကို ကိုင်ရိုမြို့ရှိ ပြစ်မှုဆိုင်ရာ တရားရုံးတစ်ရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီး မော်စီကို အီဂျစ်ပေါင် ၂ သန်းပါ ငွေဒဏ်ချမှတ်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

အခြားစွဲချက်တင်ခံရသူများထဲတွင် နာမည်ကြီး လူ့အခွင့်အရေးလှုပ်ရှားသူ အလာအက်ဘ်ဒဲလ်၊ လွှတ်တော်အမတ်နှင့် ရုပ်သံတင်ဆက်သူ တော်ဖစ်အိုကာရှာတို့ပါ ပါဝင်ခဲ့သော်လည်း အီဂျစ်ပေါင် ၃ သောင်းမှ ၁ သန်းအထိသာ ဒဏ်ရိုက်ခံခဲ့ရသည်။ ပြစ်ဒဏ်များမှာ အယူခံဝင်နိုင်မည်ဖြစ်သည်။

၂၀၁၁ ခုနှစ် အီဂျစ်တော်လှန်ရေးအပြီးတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသူ မော်စီသည် လူထုဆန္ဒပြပွဲများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၁၃ ခုနှစ်အလယ်တွင် ထိုစဉ်က ဗိုလ်ချုပ်ကြီး၊ လက်ရှိသမ္မတ အက်ဘ်ဒယ်လ်ဖာတာအယ်လ်စီစီ၏ ဖြုတ်ချခြင်းခံခဲ့ရသည်။ 

အာဏာသိမ်းခံရပြီးလျှင်ပြီးချင်း အဖမ်းခံခဲ့ရပြီး ၂၀၁၂ ခုနှစ်အတွင်း ဆန္ဒပြသူများကို သတ်ဖြတ်ရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရပြီး ကာတာနိုင်ငံအတွက် သူလျှိုလုပ်ပေးမှုဖြင့် နောက်ထပ် ၂၅ နှစ် ချမှတ်ခံထားရသည်။ 

F-03



FOLLOW US