News

POST TAGGED AS

တရုတ်

03-Oct-2017 tagged as တရုတ်
တရုတ်နိုင်ငံတွင် ရွှေရောင်သီတင်းပတ် အားလပ်ရက် အပန်းဖြေခရီးသွားမှုကို ဒုက္ခပေးနေသော ပြဿနာများကို လူမှုမီဒီယာ အသုံးပြုသူများက ထောက်ပြခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
03-Oct-2017 tagged as တရုတ်
တရုတ်နိုင်ငံအတွင်းရှိ ပြည်နယ်လေးခုတွင် မုန်တိုင်းဒဏ်ကြောင့် ဖရဲစိုက်ခင်းများ ပျက်စီးသဖြင့် မြန်မာနိုင်ငံထွက် မြေပြန့်ဖရဲသီးများ အရောင်းအဝယ် သွက်နေကြောင်း မူဆယ်သစ်သီးဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
01-Oct-2017 tagged as တရုတ်
တရုတ်ကွန်မြူနစ်ပါတီဝင်များ အနေနှင့် ခေတ်ပြိုင် အရင်းရှင်စနစ်ကို လေ့လာကြရမည် ဖြစ်သော်လည်း မာ့ခ်စ်ဝါဒမှ သွေဖည်သွားအောင် မည်သို့မျှ လုပ်ဆောင်၍ရမည် မဟုတ်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ထုတ်ဖော်သတိပေးလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
25-Sep-2017 tagged as မြန်မာ တရုတ်
တရုတ်နိုင်ငံတွင် နေထိုင်ခွင့် လက်မှတ်အထောက်အထား မရှိသည့် မြန်မာအလုပ်သမား ၂၅၀ ကျော်ကို စက်တင်ဘာလ ၂၄ ရက်နေ့က မူဆယ်မြို့ရှိ မြန်မာ- တရုတ် နှစ်နိုင်ငံ ဝင်ထွက်ဂိတ် ရွှေနန်းတော်ဂိတ်တွင် လွှဲပြောင်းပေးခဲ့ကြောင်း မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
22-Sep-2017 tagged as နည်းပညာ တရုတ်
သြစတြေးလျနိုင်ငံ ကာကွယ်ရေးဌာနသည် တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ ဒရုန်းယာဉ်များကို နိုင်ငံအတွင်း တင်သွင်းခွင့်၊ မောင်းနှင်ပျံသန်းခွင့်များအား ပိတ်ပင်တားမြစ်လိုက်ကြောင်း The Australian သတင်းတွင် ဖော်ပြထားသည်။
နှစ်နိုင်ငံ အစိုးရများက သဘောတူညီထားပြီး ဖြစ်သော မြန်မာ-တရုတ် နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဖော်ဆောင်နိုင်ရန်အတွက် အောက်တိုဘာလဆန်းပိုင်း၌ တရုတ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
19-Sep-2017 tagged as တရုတ် အိန္ဒိယ
ဟိမဝန္တာဒေသ ဘူတန်နိုင်ငံအနီး နယ်နိမိတ် အငြင်းပွားမှုကြောင့်ဖြစ်သော တင်းမာမှုကို တရုတ်နှင့်အိန္ဒိယတို့ လျှော့ချနိုင်ခဲ့သော်လည်း ယခုအခါ မြစ်ရေကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုတစ်ရပ် နှစ်နိုင်ငံအကြား ထပ်မံပေါ်ပေါက်လာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှုကို ကန့်သတ်ထားသည့် သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင်ကျေးရွာအုပ်စု ဖော့တောကျေးရွာသို့ စက်တင်ဘာလ ၁၄ ရက်နေ့ညက ဝင်ရောက်လာခဲ့သော တရုတ်နိုင်ငံသား နှစ်ဦးကို ကျပ်ငါးသိန်းစီ ဒဏ်ရိုက်အရေးယူခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်ဆန်းဦးက ပြောဆိုသည်။
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင်ကျေးရွာအုပ်စု ဖော့တော့ကျေးရွာရှိ နိုင်ငံခြားသားများ ကန့်သတ်နယ်မြေအတွင်း စက်တင်ဘာလ ၁၄ ရက် ညပိုင်းက စည်းကမ်းဖောက်ဖျက် ဝင်ရောက်လာခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦးကို လဝက ဥပဒေဖြင့် အရေးယူထားကြောင်း သပိတ်ကျင်းမြို့နယ် လဝက ဦးစီးအရာရှိ ဦးထိန်လင်းက ပြောကြားသည်။
တရုတ်နိုင်ငံ၊ စက်မှုနှင့် အိုင်တီဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတစ်ဦးဖြစ်သူ ကျင်ကိုပင်းက နိုင်ငံအတွင်း လောင်စာဆီများဖြင့် မောင်းနှင်နေရသော ကားများကို ပိတ်ပင်သွားရန် စီစဉ်နေကြောင်း ထုတ်ပြန် ကြေညာလိုက်သောကြောင့် နိုင်ငံတွင်း ကားထုတ်လုပ်မှု လုပ်ငန်းတွင် ဂယက်ရိုက်ခတ်သွားခဲ့ရကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။