News

POST TAGGED AS

တရားရုံး

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မများဖြင့် ACE ကုမ္ပဏီပိုင်ရှင်အပါအဝင် လေးဦးကို အရှေ့ပိုင်းခရိုင်တရားရုံးတွင် မေလ ၃၀ ရက်နေ့ ရုံးထုတ်စစ်ဆေးခဲ့သော်လည်း ဖြိုးကိုကိုတင့်ဆန်း လာရောက်နိုင်ခြင်းမရှိ၍ အမှု မစစ်ဆေးဖြစ်ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
တရားရုံးများ အမှုစစ်ဆေးမှု မြန်ဆန်လာရေးအတွက် ရှေ့ပြေးတရားရုံးစနစ်ကို ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့နယ် တရားရုံးတို့တွင် လာမည့် ဩဂုတ်လ ၁ ရက်မှစ၍ အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရသည်။
25-May-2018 tagged as ဗကသ တရားရုံး
ငြိမ်း/စု/စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် တရားစဲဆိုခံထားရသော ဗကသအဖွဲ့ဝင် ကိုသန်းထိုက်နှင့် ကိုနှင်းအောင်တို့ကို ယနေ့ မေလ ၂၅ ရက် အောင်မြေသာစံမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။
တူရကီနိုင်ငံတွင် ၂၀၁၆ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှု၌ ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲခံထားရသူ ၁၀၄ ဦးအား တူရကီတရားရုံးတော်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ် လိုက်သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြကြောင်း Aljazeera သတင်းဌာနက ရေးသားဖော်ပြသည်။
မော်ဒယ်လ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့် နှိပ်စက်မှုဖြင့် ဖမ်းဆီးခံရသည့် အဆိုတော် အစ္စဏီကို မေလ ၁၀ ရက်နေ့က တာမွေမြို့နယ် တရားရုံးတွင် မုဒိမ်းမှု ပုဒ်မ ၃၇၆ အပါအဝင် ပုဒ်မ သုံးခုဖြင့် စတင်တရားစွဲဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
ဧရာဝတီတိုင်းရှိ တိုင်းတရားလွှတ်တော်ရုံး၊ ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများတွင် ၂၀၁၇ ဇန်နဝါရီလမှ ၂၀၁၈ ခုနှစ် ဧပြီလ ၂၈ ရက်အထိ အမှုပေါင်းတစ်သောင်းကျော် စစ်ဆေးရန် ကျန်ရှိနေကြောင်း တိုင်းဒေသကြီး တရားလွှတ်တော် တရားရေးဌာနက တာဝန်ရှိသူထံမှ သိရသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကိုယ်ရေးကိုယ်တာရှေ့နေက အပြာကား သရုပ်ဆောင်စတုန်မီဒန်နီယဲလ်စ်၏ တရားစွဲဆိုမှုကို အနုညာတ အငြင်းပွားမှုခုံရုံးသို့ ပြောင်းလဲစစ်ဆေးပေးပါရန် ပြည်ထောင်စုတရားသူကြီးတစ်ဦးထံ လျှောက်ထားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်း မုဒိမ်းကျင့် အသတ်ခံမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ချစ်သူ အမျိုးသားအပါအဝင် တရားလိုပြသက်သေ သုံးဦးကို မတ်လ ၂၆ ရက်နေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
မတ္တရာမြို့နယ် တရားသူကြီးကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သောကြောင့် အမှုရင်ဆိုင်နေရသည့် ရှေ့နေဦးဇော်ဝင်းသည် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးဆိုင်းဘုတ်ကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သည့်အတွက် မတ်လ ၁၆ ရက်နေ့က ပုဒ်မလေးခုဖြင့် အမှုဖွင့်ခံထားရကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
07-Mar-2018 tagged as တရားရုံး
သို့ဖြစ်ခြင်းကြောင့် တရားရုံးများအနေနှင့် တည်ရှိပြီးသော နည်းဥပဒေများကို လိုက်နာမှုမရှိဘဲ တရားစီရင်ထုံးများ နောက်သို့သာ လိုက်ပါခဲ့ပါက နိုင်ငံသူ/ နိုင်ငံသားများ၏ အခွင့်အရေးအား စွန့်စားခိုင်းသည့်သဖွယ် ဖြစ်နေပြီး ရှေ့နေများအနေနှင့်လည်း တရားစွဲဆိုရာတွင် ကျေနပ်မှု မရှိနိုင်ဘဲ သံသယဖြစ်ဖွယ်ဖြင့်သာ ကျန်ရစ်ခဲ့မည်သာဖြစ်ရာ တရားရုံး၏ရှေ့တွင် တင်ပြလျက်ရှိသည့် အကြောင်းခြင်းရာများနှင့် အမိန့်ချမှတ်မှုများမှာ ကွာဟသွားမည်သာ ဖြစ်ပါသည်။