News

POST TAGGED AS

တရားဥပဒေ

အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုဆိုသော သာကေတမြို့နယ်၊ အနော်မာ (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဇူလိုင်လ ၂၁ ရက်နေ့က တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် ဒေါပုံ မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသည်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့နှင့် ဇူလိုင်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။
ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) အပါအဝင် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းသည် မူလဥပဒေမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိကြောင်း ဥပဒေပညာရှင်များနှင့် ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားသူများက ဝေဖန်လိုက်သည်။
07-Jul-2017 tagged as တရားဥပဒေ
တရားစီရင်ရေးကဏ္ဍ အလုပ်ကောင်းကောင်းမလုပ်ပါက လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် အုပ်ချုပ်ရေး (အစိုးရ) အနေနှင့် တာဝန်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကို ပြောကြားလိုက်သည်။
တရားဥပဒေ စိုးမိုးရေးဟူသည်မှာ (All men are equality before the law) ဖြစ်ရန် လိုပါသည်။ သို့မဟုတ်မူဘဲ ရာထူးကြီးသူ၊ ငွေကြေးချမ်းသာသူ၊ အာဏာရှိသူများ အပေါ်တွင် ဥပဒေသက်ရောက်မှု မရှိပါက နိုင်ငံတော်မှာလည်း တည်ငြိမ်အေးချမ်းမှု ရနိုင်မည်မဟုတ်ပါ။
သတင်းမီဒီယာသမား အပါအဝင် အင်တာနက် အွန်လိုင်းသုံးစွဲသူများကို ခြိမ်းခြောက်နေသည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆( ဃ)နှင့်ပတ်သက်၍ စွပ်စွဲခံရသူကို အာမခံ မပေးခြင်းမှာ မဖြစ်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်နိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေနှင့် ဥပဒေအရ ပြင်ဆင်မှုများ ပြုလုပ်ကာ အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး လှုပ်ရှားမှု ပူးပေါင်းအဖွဲ့ထံမှ သိရသည်။
22-Jun-2017 tagged as တရားဥပဒေ
လွှတ်တော်တွေဟာ လုပ်ငန်းတာဝန် အလွန်များပြားတာ မှန်ပေမယ့် ဥပဒေပြုတဲ့ တာဝန်ဟာ လွှတ်တော်တွေရဲ့ အဓိက တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် မိမိပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ နိုင်ငံနဲ့ပြည်သူအတွက် အမှန်တကယ် အကျိုး ရှိ မရှိ၊ ထိရောက်မှု ရှိ မရှိနဲ့ သက်ဆိုင်ရာ ဌာနတွေက ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့အညီ အကောင်အထည်ဖော်မှု ရှိ မရှိ ပြန်လည် စိစစ်ပြီး သုံးသပ်ဖို့လိုအပ်ပါတယ်။
တရားစီရင်ရေး နယ်ပယ်မှာ ဒီလောက်ကြီးမားတဲ့ ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှုကြီး၊ အလွန်တရာ ကြီးမားတဲ့ တရားစီရင်ရေး တိမ်းစောင်းမှုကြီး ပေါ်ပေါက်နေတာကို ချက်ချင်း ကုစားမှု၊ ပြုပြင်မှု မပြုဘဲ မသိကျိုးကျွန်ပြုနေကြတဲ့ ဥပဒေပြုမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စု လွှတ်တော်၊ တရားစီရင်ရေး မဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်နဲ့ နိုင်ငံသားများရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အကာအကွယ် မပေးနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့မှာ လုံးဝ တာဝန်ရှိပါတယ်။
ပြန်ကြားရေး ဝန်ကြီးဌာနနှင့် တွေ့ဆုံ၍ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းပေးရေး အပါအဝင် အချက်သုံးချက်ကို အမေရိကန်ပြည်ထောင်စု အခြေစိုက် ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ Committee to Protect Journalists (CPJ)က တောင်း ဆိုခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။