News

POST TAGGED AS

တရားဥပဒေ

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာနောင်း သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းအနေနှင့် ဆရာတော် ဦးဝီရသူကို ခြေဖမိုးဦးခိုက်ကာ ရှိခိုးတောင်းပန်ပါက စွဲဆိုထားသည့်အမှုကို ပိတ်သိမ်းပေးသွားမည်ဖြစ်ကြောင်း တရားလိုဖြစ်သူ ဦးကျော်မျိုးရွှေက ပြောကြားသည်။
ဥပဒေနဲ့အညီ မဟုတ်ဘဲ ဘယ်အကြောင်းခြင်းရာကိုမှ အမှန်လို့ မသတ်မှတ်ရပါဘူး။ ဥပဒေဆိုတာ ဥပဒေနဲ့ ညီညွတ်စွာ တရားမျှတမှုကို ရှာဖွေတဲ့လုပ်ငန်း (Process of searching for justice)ဖြစ်ပါတယ်။
ဟာသသရုပ်ဆောင် ဒိန်းဒေါင်၏သမီးဖြစ်သူ ဒိန်းပိုပိုဒေါင် (ခ) မမြတ်နိုးဦး၏ အမှုဖွင့်တိုင်ကြားမှုနှင့်ပတ်သက်၍ ဗေဒင်ဆရာ အောင်ချစ်ပိုကို ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်ခြင်း ရာဇတ်သတ်ကြီး ဥပဒေ ပုဒ်မ ၁၂၂ ဖြင့် ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက် ၁၀ နာရီ အချိန်က စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။
လူစည်ကားရာ လှည်းတန်းလမ်းဆုံမှ အငှားယာဉ်တစ်စီးပေါ် လိုက်ပါလာသည့် FDA မှ ဝန်ထမ်းအမျိုးသမီးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ပစ္စည်းများလုယူမှုဖြင့် ဖမ်းဆီးထားသည့် ယာဉ်မောင်းအမျိုးသားကို ဖေဖော်ဝါရီလ ၈ ရက် နံနက်ပိုင်းက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်မြောက် ရုံးထုတ်ခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့ရှိ ခရိုင်တရားသူကြီး အပါအဝင် ဥပဒေအရာရှိနှင့် ရှေ့နေတို့မှ သစ်အမှုနှင့်ပတ်သက်၍ လာဘ်ယူသည်ဟုဆိုကာ ဇန်နဝါရီလ နောက်ဆုံးအပတ်က နိုင်ငံတော်သမ္မတ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စသည်တို့ထံ တိုင်ကြားထားကြောင်း တိုင်ကြားစာ ပေးပို့ထားသူ မိုင်းပန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်ခိုင်က ပြောကြားသည်။
အဓိကအချက်က တခြားနိုင်ငံများစွာမှာ ကျွန်တော်တို့လုပ်ခဲ့သလိုပဲ အကြံပြုချက်တွေ ပေးထားတယ်၊ အကောင်အထည်ဖော်ဖို့ ကူညီမယ်ပေါ့။ ဒါပေမဲ့ ဒီအကြံပြုချက်တွေကို လိုက်ပါဆောင်ရွက်မှု မရှိခဲ့ဘူး။
အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင်ရုံးတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုကို ရုံးထုတ်စစ်ဆေးနေစဉ် “မင်းတို့ ထမင်းဝအောင်စားထား” ဟူသော စာသားပါသည့် တီရှပ်ဝတ်ဆင်လာသူ ၄ ဦးကို ဖေဖော်ဝါရီလ ၆ ရက်မွန်းလွဲပိုင်းက ဖမ်းဝရမ်း ထုတ်ခဲ့ကြောင်း အင်းစိန်မြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
07-Feb-2018 tagged as တရားဥပဒေ
၎င်းတို့ဆိုလိုသည့် ထမင်းဝအောင် စားထားဆိုသည်မှာ ထိုအမှုကို စစ်ဆေးနေကြသည့် တရားသူကြီးများကိုပင် ဆိုလိုသည်လား၊ အစိုးရရှေ့နေများကိုပင် ဆိုလိုသည်လား၊ သို့တည်းမဟုတ် တရားလိုဘက်မှ လိုက်ပါအမှုလိုက်ပေးနေသည့် ရှေ့နေများကို ဆိုချင်နေသည်များလား၊ ဒါမှမဟုတ် ဥပဒေကိုလေးစားပြီး အမှန်ကိုအမှန်အတိုင်း ဖြစ်စေချင်ကြသည့် ပြည်သူများကို ပြောချင်သည်များဆိုသည်ကို တိတိကျကျ သေချာစွာမပြောနိုင် . . .
လှိုင်မြို့နယ်၊ လှိုင်သီရိအိမ်ရာဝင်းအတွင်း၌ သုံးလောင်းပြိုင်လူသတ်မှုတွင် ရဲတပ်ဖွဲ့အား မမှန်သတင်းပေးမှုဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခံထားရသည့် အသက် ၂၀ ကျော်အရွယ် ဆိုင်ဝန်ထမ်းအမျိုးသမီးကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် လူခိုးမှု၊ (ရာဇသတ်ကြီးပုဒ်မ ၃၆၃)ဖြင့် ထပ်မံတရားစွဲသွားမည်ဖြစ်ကြောင်း လှိုင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။