News

POST TAGGED AS

တရားဥပဒေ

ဒီလို ပရဟိတ၊ လူမှုရေး အသင်းအဖွဲ့တွေ၊ နာရေးကူညီမှု အသင်းတွေရဲ့ အဖြစ်တွေဟာ ယခင်အစိုးရလက်ထက် ပညာရေး၊ ကျန်းမာရေးဘတ်ဂျက်တွေ မမြှင့်တင်နိုင်သေးတဲ့ခေတ်ကဆိုရင် တော်သေးပေမယ့် အခုအစိုးရလက်ထက် ကျန်းမာရေး ဘတ်ဂျက်ကို ရာခိုင်နှုန်း အတော်များများ မြှင့်ပြီး အရေးပေါ် လူနာတင်ယာဉ်တွေ တိုးမြှင့်ဝယ်တာ၊ ပြည်ပနိုင်ငံတွေက အစီးရေ အတော်များများ လှူတာတွေ ဆောင်ရွက်ပေးနေတဲ့အချိန်မှာတော့ မဖြစ်သင့်တော့တဲ့ကိစ္စလို့ ပြောရမှာပါ။
ဥပဒေမပြဋ္ဌာန်းပေးနိုင်မီ အချိန်အတွင်းမှာတော့ အုပ်ချုပ်ရေးမှူး အဆင့်ဆင့်ဟာ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများနဲ့အညီ တရားသူကြီး၊ ဥပဒေအရာရှိ အပါအဝင် အခြားသော ဌာနဆိုင်ရာ အကြီးအကဲများအပေါ် မာန်မာနတွေ မထားကြပဲနဲ့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက် ညီရင်းနောင်ချာများသဖွယ် ပြုမူဆက်ဆံပြောဆိုပြီး နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးစီးပွားကို တာဝန်ကျေပွန်စွာ ထမ်းဆောင်သင့်ပါကြောင်း စေတနာကောင်းနဲ့ အကြံပြု ရေးသားလိုက်ရပါတယ်။
တစ်နေ့တခြား များပြားလာပြီး ထိတ်လန့်ဖွယ်ရာအဆင့်သို့ ရောက်ရှိနေသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ ဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ယင်းဥပဒေထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကအတည်မပြုဘဲ မှတ်တမ်းအဖြစ်သာထားရှိရန် ဆုံးဖြတ်လိုက်သည်။
မွန်ပြည်နယ်တွင် တရားဥပဒေ စိုးမိုးမှုရှိစေရေးအတွက် မေလ ၁၄ ရက်မှစတင်ကာ ကျိုက်ထို၊ မော်လမြိုင်၊ ရေးမြို့နယ်ရှိ ဒေသခံများက သုံးရက်ကြာ ဆန္ဒထုတ်ဖော်နေကြောင်း ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။
12-May-2018 tagged as တရားဥပဒေ
စစ်အာဏာရှင်စနစ်အောက်မှာ မြန်မာပြည်သူလူထုက အဖိနှိပ်ခံ၊ အရက်စက်ခံလို့ ပြောရင် ရဲတပ်ဖွဲ့ဝင်တွေကလည်း အဲဒီစနစ်ထဲက အာဏာရှင်တွေ အလိုကျ အသုံးတော်ခံနေရသူတွေလို့ ဆိုရမယ်။ ရဲစစ်စစ်တွေက ရဲပီသတဲ့ အလုပ် လုပ်ခွင့်မရဘဲ ဥပဒေကျော်လွန်တဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို အောက်ခြေကနေ အမုန်းခံပြီး လုပ်ပေးနေကြရတဲ့သူတွေပါ။
ဖမ်းဆီးခံထားရသော ဗကသ အဖွဲ့ဝင်ဟောင်း ကိုအောင်မှိုင်းဆန်းနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုစိုးမိုးနိုင်(ခ) ဒိန်းဒေါင်တို့က တရားရုံးကို သပိတ်မှောက်မည်ဖြစ်ကြောင်း မေလ ၉ ရက်နေ့က ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ရာ၌ ပြောကြားခဲ့သည်။
တရားဥပဒေ စိုးမိုးရေးဟုဆိုလျှင် သီအိုရီအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ဒေါက်တိုင်သုံးခုက အဓိက ကျသည်ဆိုသော်ငြား မြန်မာနိုင်ငံတွင်မူ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ကူညီ၊ ပံ့ပိုး၊ အားပေး၊ ထောက်ခံခြင်း၊ ကိုယ်တိုင် လက်တွေ့ လိုက်နာဆောင်ရွက်ခြင်းတို့ မရှိပါက မြန်မာပြည်သူ၊ ပြည်သားများ နေရာမရွေး၊ အချိန်မရွေး အေးချမ်း၊ လုံခြုံ၊ စိတ်ချသော ခံစားမှုမျိုး စိတ်တုံးတုံးချ ရရှိရန် ခက်ခဲနေဦးမည်
တရားစီရင်ရေးမဏ္ဍိုင်အနေနှင့် တရားဥပဒေစိုးမိုးမှုကို အထောက်အကူပြုနိုင်ရေးအတွက် ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက တိုက်တွန်းပြောကြားသည်။
05-Apr-2018 tagged as တရားဥပဒေ
အထက်ဖော်ပြပါ အမေရိကန်သမ္မတ၏ လုပ်ဆောင်ချက် ၇ ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတ၏လုပ်ပိုင်ခွင့်မှာလအည်း အတူတူနီးပါးပင် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အာဏာများကိုမူ ဒီမိုကရေစီစနစ်နှင့် ဝေးကွာခဲ့သော ကျွန်ုပ်တို့မြန်မာနိုင်ငံအဖို့ သမ္မတတစ်ဦးအနေနှင့် ဆောင်ရွက်ရာတွင် ခက်ခဲမည်မှာမှန်သော်လည်း တာဝန်ရှိသူတစ်ဦးအနေနှင့် ထိုအခက်အခဲများကို ကျော်လွှားနိုင်ရန် ကြိုးပမ်းရမည်သာ ဖြစ်ပါသည်။
ငြိမ်း စု စီဥပဒေကို ကန့်ကွက်ကြောင်း ပြည်သူ့လွှတ်တော်ရှိ NLD လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ဝင် ၂၇၄ ဦးထံ မတ်လ ၁၄ ရက်က စာပို့ထားကြောင်း တို့မျိုးဆက်ကွန်ရက်မှ ဒါရိုက်တာ ကိုနန္ဒစစ်အောင်က ပြောကြားသည်။