News

POST TAGGED AS

တရားဥပဒေ

16-Jan-2018 tagged as တရားဥပဒေ
လွှတ်တော်ကြီးအနေနဲ့လည်း Shift တစ်ခု ဖြစ် မဖြစ် ဆိုသည်ကတော့ ဆောင်ရွက်ချက်နဲ့ ထွက်ရှိလာတဲ့ ရလဒ်ကိုသာ သုံးသပ်တိုင်းတာရမှာ ဖြစ်ပါတယ်။ အချို့သော အပြောင်းအလဲများအတွက် အချိန်ယူရန် လိုအပ်ပေမယ့် အချို့သော အပြောင်းအလဲများကိုတော့ ချက်ချင်းပင် ပြောင်းလဲလို့ ရနိုင်ပါတယ်။
ပြည်ထောင်စု လွှတ်တော်က ၂၀၁၇ ခုနှစ်၊ ဩဂုတ်လတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင် ပြောင်းလဲပေးခဲ့သော်လည်း အကျိုးသက်ရောက်မှု မရှိကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနပြုရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြသည်။
၂၀၁၈ အခွန်အကောက် ဥပဒေတွင် သစ်ကုန်ကြမ်းများ တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန် ငါးရာခိုင်နှုန်းကို ဖြေလျှော့ပေးရန် တောင်းဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။
မန္တလေး တိုင်းဒေသကြီး မိတ္တီလာမြို့တွင် မြို့နယ်အဆင့် တရားသူကြီးနှစ်ဦးအား အယုံအကြည် မရှိကြောင်း အမှုရှုံးသွားခဲ့သော သားအမိနှစ်ဦးက ဦးဆောင်၍ လူငါးဦးက ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်)က ဆန္ဒထုတ်ဖော်ခဲ့ပြီး တရားသူကြီးနှစ်ဦးကို လိုလားထောက်ခံသူများကလည်း ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် (၁၀) နာရီအချိန်က တန်ပြန်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးစန်းရွှေကို ကိုးလကျော်ကြာ စစ်ဆေးပြီးနောက် ယနေ့ (စက်တင်ဘာလ ၄ ရက်)တွင် ပုသိမ်မြို့နယ် တရားရုံးက ထောင်ဒဏ်သုံးလ အမိန့်ချမှတ်ခဲ့သည်။
မန္တလေးမြို့တော် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကိစ္စရပ်များအတွက် အငြိမ်းစား ရဲအရာရှိကြီးများထံမှ အကြံဉာဏ်များ ရယူလုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော် လုံခြုံရေးနှင့် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ ၆၆ (ဃ) ပါ ပြစ်မှုကို ထောင်ဒဏ်လျှော့ချ၍ အာမခံပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ်ဖြစ်စေရန် ပြည်သူ့လွှတ်တော်က အတည်ပြုထားပြီး ယင်းအတိုင်း အတည်ပြုရန် ယနေ့(သြဂုတ်လ ၂၄ ရက်) က ကျင်းပသော အမျိုးသားလွှတ်တော်၌ အတည်ပြုလိုက်သည်။
Myanmar Now သတင်းဌာနမှ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အယ်ဒီတာချုပ် ကိုဆွေဝင်းကို တရားစွဲဆိုထားသူ ကိုကျော်မျိုးရွှေကို ၆၆(ဃ) ဖြင့် ပြန်လည်တရားစွဲဆိုရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိထားပြီဖြစ်ကြောင်း စမ်းချောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
....တရားရုံးကို လေးစား အားကိုးပြီး အမှန်တရားကို ကူညီဖော်ထုတ်ပေးလိုသည့် ဆန္ဒများ ပြည်သူများတွင် ရှိဖို့လိုပါပြီ။ ပြည်သူများက မလိမ်မညာ၊ မကွယ် မဝှက်၊ အမှန်ကိုအမှန်အတိုင်း ထွက်ဆိုချက် ပေးလာဖို့အရေး ကျမ်းစာအုပ်ကြီးကလည်း အကူအညီ မပေးတော့ပါ။ နိုင်ငံတကာတွင်တော့ မုသားဖော်စက်များ သုံးနေသည်ဟု ကြားဖူးနားဝရှိပါသည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း နည်းလမ်း ရှာကြံသင့်ပြီဖြစ်ပါကြောင်း ပုဂံခေတ်ကို အကြောင်းပြု၍ မောင်းထုလိုက်ရပါသည်။
မနန်းမို့မို့အေးမှာ ၎င်း၏ အဘွားဖြစ်သူ အရွယ်ခန့်ရှိ အိမ်ရှင်၏ဖိနပ်ဖြင့် ပါးရိုက်ခံရခြင်း၊ တုတ်ဖြင့် ခြေသလုံးနှင့် လက်ဖဝါးတို့ကို ရိုက်နှက်ခံရခြင်း၊ တစ်နေ့ ထမင်းတစ်နပ်သာ ကျွေးခြင်းတို့အား အံကြိတ်ရင်ဆိုင်ဖြတ်သန်းခဲ့ရာမှ တစ်နှစ်ခန့်အကြာ ၎င်းသွားခြောက်ချောင်း ကျိုးအောင်အထိ ရိုက်နှက်နှိပ်စက်မှုကို ထပ်မံရင်ဆိုင်ခဲ့ရသည်ဟု ပြန်လည်ရှင်းပြသည်။