News

POST TAGGED AS

တရားမဝင်

21-Jan-2018 tagged as သစ် တရားမဝင်
မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ၂၀၁၇ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ကိုးလအတွင်း တရားမဝင်သစ်တန်ချိန် သုံးသောင်းခွဲကျော် ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနထံမှ သိရသည်။
07-Jan-2018 tagged as သစ် တရားမဝင်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ် မိုင်းတုံ-တာဆန်းကားလမ်း မိုင်းတုံရွာအနီးတွင် ဇန်နဝါရီလ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်က တရားမဝင် ပိတောက်သစ်များ တင်ဆောင်လာသည့် ဒိုင်နာယာဉ်တစ်စီးမှာ ပေ ၅၀ ကျော်နက်သည့်ချောက်ထဲ ထိုးကျသဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း မိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။
မွန်ပြည်နယ်အတွင်းသို့ ထိုင်းနိုင်ငံမှတစ်ဆင့် တရားမဝင် တင်သွင်းလာသည့် ဝက်အကောင်ရေ ၃၅၀ ခန့် ထပ်မံဖမ်းဆီးရမိထားသည်ဟု မွန်ပြည်နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနထံမှ သိရသည်။
01-Jan-2018 tagged as အရက် တရားမဝင်
မြန်မာနိုင်ငံအတွင်း တရားမဝင် ယမကာ ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသူများကို သတ်မှတ်ထားသည့် ဥပဒေလုပ် ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ ဝန်ကြီးဌာနများက စိစစ်ဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးရန် မြန်မာနိုင်ငံ ယမကာ ထုတ်လုပ်ဖြန့်ဖြူးသူများအသင်းက အစိုးရထံ တင်ပြတောင်းဆိုထားကြောင်း ယင်းအသင်းထံမှ သိရသည်။
နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ကာ မြောက်ကိုရီးယားသို့ လောင်စာဆီပို့ဆောင်မည်ဟု သံသယရှိသော ဟောင်ကောင်အလံတင် သင်္ဘောတစ်စင်းကို ဖမ်းဆီးထားသည်ဟု တောင်ကိုရီးယားက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
08-Dec-2017 tagged as တရားမဝင်
ကလေးမြို့မှ မန္တလေးသို့ တရားမဝင် သယ်ဆောင်လာသည့် နိုင်ငံခြားဖြစ်ဆေးဝါး ၂၁ မျိုး၊ ဆေးဘူး ၁၀၀ နီးပါး မန္တလေး သီရိမန္တလာကားကွင်းတွင် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ဖမ်းဆီးအရေးယူခဲ့ကြောင်း စည်ပင်သာယာ ရဲတပ်ဖွဲ့ထံမှ သိရသည်။
မန္တလေးတိုင်း အစိုးရအဖွဲ့အနေနှင့် ဒေသခံများ၏ တောင်းဆိုချက်များကို ဥပဒေဘောင်အတွင်းကနေ၍ ဖြေရှင်းပေးနေကြောင်း မန္တလေးတိုင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။
23-Nov-2017 tagged as တရားမဝင် ဘီယာ
မြန်မာနိုင်ငံအတွင်း တရားမဝင် တင်သွင်းရောင်းချသော ဘီယာကုန်သွယ်မှုကြောင့် ၂၀၁၆ ခုနှစ်အတွင်း အစိုးရဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ ၄၈ သန်း မှ ၅၂ သန်းအထိ ဆုံးရှုံးကြောင်း လန်ဒန် အခြေစိုက် နိုင်ငံတကာ သုတေသနအဖွဲ့ Euromonitor International က စစ်တမ်းထုတ်ပြန်သည်။
မှတ်ပုံတင်ထားခြင်း မရှိသည့် တရားမဝင်ဆေးများ ရောင်းချသည့် ကော့သောင်းမြို့ရှိ ဆေးဆိုင်ပိုင်ရှင်များကို ကော့သောင်း မြို့နယ်ရဲတပ်ဖွဲ့က တရားစွဲလိုက်သည်။
သပိတ်ကျင်းမြို့နယ်အတွင်း သစ်မှောင်ခိုသမားများကို တိုင်းစစ်ကြောင်း အဖွဲ့များဖြင့် ဖမ်းဆီးနေသော်လည်း လက်ရှိအချိန်အထိ သယ်ဆောင်ထုတ်ယူမှုများ မြင့်တက်လျက်ရှိကြောင်း သပိတ်ကျင်းမြို့နယ် စိမ်းရောင်စိုဥက္ကဋ္ဌ ဦးထွန်းနိုင်ဦးက ပြောကြားသည်။