News

POST TAGGED AS

တမူး

မြန်မာ-အိန္ဒိယနယ်စပ်အနီး ပေါက်ကွဲမှုဖြစ်
ကလေး၊ သြဂုတ် ၁၂ 

စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်းရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် နယ်ခြားမှတ်တိုင် အနီးတွင် ပေါက်ကွဲမှုတစ်ခု သြဂုတ်လ ၁၂ ရက်နေ့ နံကန် ၆ နာရီ မိနစ် ၂၀ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

နှစ်နိုင်ငံနယ်စပ် တိုင်းတာမှုမပြီးပြတ်သေးသည့် နယ်ခြားမှတ်တိုင် BP78 နှင့် BP 79 အကြား တမူးမြို့နယ် အတွင်းရှိ နန်းဖာလုံဈေးအနီး ဗိုလ်နိုင်ဝင်းလမ်းဘေးတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် အနက် ၁ ပေခွဲ အကျယ် ၂ ပေ ပတ်လည် ကျင်းတစ်ခု ဖြစ်ပေါ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ - မြင့်ဇော်



FOLLOW US