News

POST TAGGED AS

တမူး

19-Jun-2018 tagged as တမူး အိန္ဒိယ
မြန်မာ - အိန္ဒိယနယ်စပ်မြို့များဖြစ်သော တမူးနှင့် မိုရေးမြို့များသို့ ၆ ည အိပ် ၇ ရက်သွားခွင့်ရှိမည့် ဖြတ်သန်းသွားလာခွင့်လက်မှတ် (Entry Permit) ကို မကြာမီထုတ်ပေးမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲထွန်းဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုစဉ်ကာလနှင့် ပြီးခဲ့သည့်သင်္ကြန်ကာလအတွင်းက ဖမ်းဆီးရမိထားသည့် ဆူညံအိတ်ဇောများကို ဖျက်ဆီးခဲ့ကြောင်း တမူးမြို့ရှိ အမှတ် (၁၀၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့စုမှူး ရဲအုပ်နေထွန်းအောင်က ပြောကြားသည်။
နန်းဖာလုံဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၉၈၂ ခန်း ရှိသည့်အနက် ဈေးဆိုင်ခန်း ၅၃ ခန်းသာ မီးလောင်ကျွမ်းဆုံးရှုံးခဲ့ခြင်းသည် မီးသတ်ကားများမှာ အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး မီးငြှိမ်းသတ်ရာတွင် တမူးမြို့ပေါ်ရှိ မီးသတ်ကား ၁၂ စီး အပါအဝင် အိန္ဒိယနိုင်ငံ မိုရေးမြို့ရှိ အိန္ဒိယ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား နှစ်စီးတို့ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီ ရောက်သည့်အချိန်တွင် လောင်ကျွမ်းထားပြီးသည့်နေရာအချို့တွင် မီးတောက်များ ဆက်လက် ရှိနေခြင်းကြောင့် ဆက်လက် မီးငြှိမ်းသတ်နေရကြောင်း
18-Sep-2017 tagged as တမူး
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေကားလမ်း ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နှင့် ကလေးမြို့ကြား တံတားတစ်စင်း ချောင်းရေတိုက်စားမှုကြောင့် ကားကြီးများ ဖြတ်သန်းသွားလာမှု ရပ်နားထားရကြောင်း တမူးမြို့ရှိ ယာဉ်မောင်းများထံမှ သိရသည်။
စစ်ကိုင်းတိုင်း တမူးခရိုင်အတွင်းရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် နယ်ခြားမှတ်တိုင် အနီးတွင် ပေါက်ကွဲမှုတစ်ခု သြဂုတ်လ ၁၂ ရက်နေ့ နံကန် ၆ နာရီ မိနစ် ၂၀ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
01-Aug-2017 tagged as တမူး H1N1
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အတွင်းရှိ မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်ပေါက် ဖြစ်သည့် နန်းဖာလုံဈေးအနီးရှိ နှစ်နိုင်ငံ နယ်စပ်ဂိတ်သို့ ဝင်ထွက်သွားလာနေသူများတွင် ရာသီတုပ်ကွေး (H1N1) ရောဂါရှိ မရှိ စစ်ဆေးခြင်းကို သြဂုတ်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်နေကြောင်း တမူးခရိုင် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာသူရက ပြောကြားသည်။
05-Jul-2017 tagged as တမူး
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်အတွင်းရှိ တမူးမြို့နှင့် မြို့သစ်မြို့အကြား ဆက်သွယ် သွားလာသည့် လမ်းပေါ်တွင်ရှိသည့် တံတားကမ်းကပ်ခုံ ရေတိုက်စားပျက်စီးပြီး သွားလာမှု ရပ်ဆိုင်းကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာအစိုးရဘက်က အချိန်များစွာ ကြန့်ကြာ နှောင့်နှေးသည်ဟု ယူဆစရာရှိသော ကသည်းသူပုန်များအရေး ဖြေရှင်းမှုသည် ဇူလိုင်လ ၂ ရက်နေ့က ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပထမဆုံး ဆွေးနွေးမေးမြန်းမှုအဖြစ် ရောက်လာခဲ့သည်။
19-May-2017 tagged as တမူး
မြန်မာ-အိန္ဒိယနယ်စပ်တွင် မေလအတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်လုံခြုံရေးကို တင်းကျပ်စွာဆောင်ရွက်နေရာ ၁၇ ရက်နေ့က အိန္ဒိယဘက်သို့ တရားမဝင် သွားရောက်ခဲ့သည့် တမူးဒေသခံ လေးဦးကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် ဖမ်းဆီးထားကြောင်း တမူးမြို့မ ရဲစခန်းထံမှ သိရှိရသည်။
16-May-2017 tagged as တမူး
မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့အတွင်းရှိ လူနေအိမ်များအနီးတွင် တစ်ညအတွင်း ပေါက်ကွဲမှုနှစ်ကြိမ် ဆက်တိုက်ဖြစ်ခဲ့ကြောင်း တမူးမြို့မ ရဲစခန်းထံမှ သိရသည်။