News

POST TAGGED AS

တပ်သိမ်းမြေ

မော်လိုက်ရှိ တပ်သိမ်းမြေ ဧက ၅၀၀ ကျော် ပြန်ပေးမည်
ကလေး၊ မေ ၁ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ တပ်သိမ်းမြေများအနက် မြေဧက ၅၀၀ ကို တပ်မတော်က ပြန်လည်စွန့်လွှတ်ပေးအပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း မော်လိုက်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းက ပြောကြားသည်။ 

မော်လိုက်မြို့နယ် အော်ဇီးကုန်း ကျေးရွာအနီးရှိ အမှတ် (၃၆၄) ခြေမြန်တပ်ရင်းက သိမ်းယူထားသည့် မြေဧက ၂၆၁ ဒသမ ၄ ဧကနှင့် မော်ကူးကျေးရွာအနီး အမှတ် (၃၆၆) ခြေမြန်တပ်ရင်းက သိမ်းယူထားသည့် မြေဧက ၂၅၀ ဧကတို့ကို ပြန်လည်စွန့်လွှတ်ရန်အတွက် ညွှန်ကြားစာနှင့် ခွင့်ပြုချက်များရရှိထားပြီး သက်ဆိုင်ရာဌာနကို ပေးအပ်ရန်သာ ကျန်ရှိတော့ကြောင်း၊ အဆိုပါ မြေများသည် မြေလွတ်မြေရိုင်းများဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“စွန့်လွှတ်ပေးတဲ့ မြေထဲက အုတ်ဖိုဘက်ကကွင်းကိုတော့ ပဏာမအနေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့မှ ဘတ်ဂျက်နဲ့ လယ်ယာမြေ ဖော်ထုတ်မယ်။ အဲဒါတွေ ဖော်ထုတ်ပြီး လယ်ယာမရှိတဲ့သူတွေကို အခမဲ့ပေးသွားမယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်းက ဆိုသည်။ 

မော်လိုက်မြို့နယ်အတွင်း တပ်မတော်က သိမ်းယူထားသည့် မြေဧကအဖြစ် တပ်တွင်းမြေနှင့် တပ်ပြင်မြေဟူ၍ နှစ်မျိုး နှစ်စားရှိကြောင်း၊ တပ်ပြင်မြေများအနက် အမှတ် (၃၆၅) ခြေမြန်တပ်ရင်းက သိမ်းယူထားသည့် မြေဧက ၃၆၀ ကို၂၀၁၀ ပြည့်နှစ်၊ ရက်စွဲဖြင့် စွန့်လွှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ထပ်မံစွန့်လွှတ်ရန်အနေနှင့် မိုးကောင်းကျေးရွာမှ သိမ်းယူထားသည့် အမှတ် (၃၆၄) ခြေမြန်တပ်ရင်း၏ တပ်တွင်းလယ်ယာမြေ ဧက ၈၀ ကို ပြန်လည်စွန့်လွှတ်ပေးမည်ဆိုပါက စွန့်လွှတ်ပေးနိုင်သည့် အခြေအနေတွင် ရှိသည့်အတွက် ပြန်လည်စွန့်လွှတ် ပးစေလိုကြောင်း ၎င်းက ပြောကြားသည်။

R-20



FOLLOW US