News

POST TAGGED AS

တပ်မတော်

မြန်မာနိုင်ငံအနောက်ပိုင်း ဝေးလံခက်ခဲသော ဒေသမှ ဖြစ်ပျက်နေသော အရာများသည် အဆုံးတွင် အားလုံးအပေါ် ရိုက်ခတ်လာမည် ဖြစ်သည်။ အကြမ်းဖက်ပုန်ကန်မှု ဟူသည်မှာ အဆုံးတွင် မည်သူ့ကိုမှ ကောင်းကျိုးမပေးပါ။ ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် စာရေးသူတို့ အားလုံး၏ အကူအညီကို လိုအပ်နေသည်။ အကယ်၍ သူမ လက်လျှော့စွန့်ခွာသွားပါက အခြားရွေးချယ်စရာ ရှိတော့မည် မဟုတ်ပါ။ စာရေးသူတို့ အားလုံးသည် မြန်မာနိုင်ငံတွင် နောက်ထပ် စစ်အစိုးရသစ်တစ်ခုကို ကြုံတွေ့ကြရလိမ့်မည်။ ထိုအခါ ရခိုင်ဒေသရှိ မွတ်ဆလင်များအတွက် သာမကပဲ မြန်မာနိုင်ငံသားအားလုံးအတွက်၊ မြန်မာနိုင်ငံနှင့် ပတ်သက်ဆက်နွှယ်သူများအတွက် ပျက်စီးရာ ပျက်စီးကြောင်း ကပ်ဘေးဒုက္ခတစ်ခု ဖြစ်လာလိမ့်မည်။
... ဖွဲ့စည်းမှု တစ်နှစ်ကာလပြည့်ခဲ့ပြီး အပြီးသတ် အစီရင်ခံစာ တင်သွင်းမည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အနေနှင့် လက်ရှိ ကြုံတွေ့နေရသည့် ပြည်ပနိုင်ငံများ၏ ဖိအားအကြားတွင် အစိုးရနှင့် တပ်မတော်ကို မည်သို့တင်သွင်းကြမည်နည်း ဆိုသည့်အချက်ကလည်း ပြည်သူများအကြားတွင် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။
14-Aug-2017 tagged as တပ်မတော်
တပ်မတော်အနေနှင့် ဥပဒေနှင့်အညီ လုပ်ဆောင်ချက်များကို ဟန့်တားနှောင့်ယှက်သူ၊ ဥပဒေမဲ့ လုပ်ရပ်များကို လုပ်ကိုင်နေသူများနှင့် သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေသူများ အပါအဝင် ငြိမ်းချမ်းရေးကို မလိုလားသူများကို ဥပဒေနှင့်အညီ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဆွေက လွှတ်တော်သို့ တင်ပြပြောကြားသည်။
12-Aug-2017 tagged as တပ်မတော်
ဒါ့အပြင် တပ်မတော်အနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ ဦးဆောင်မှုကို အပြည့်အဝ ခံယူလိုက်နာ ပူးပေါင်းဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာပဲ နိုင်ငံတော်လုံခြုံရေးအတွက် မိမိတို့ သင့်လျော်ကောင်းမွန်မယ်လို့ ယူဆတဲ့ နည်းလမ်းများနဲ့လည်း အခြားပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းစကားပါးလိုတာလည်း ဖြစ်နိုင်ပါတယ်။
ကျွန်တော်တို့က သဘောထားကြီးပြီး အမြင်ကျယ်သော တပ်မတော် ဖြစ်စေချင်သည်။ ဒီမိုကရေစီအရ မတူကွဲပြားမှုကို လက်ခံနိုင်သော အင်စတီကျူးရှင်းတစ်ခု ဖြစ်စေချင်သည်။
26-Jul-2017 tagged as တပ်မတော်
တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်မှုထမ်းများသာ သုံးစွဲခွင့်ရှိသည့် စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်များကို အခြားသော မသက်ဆိုင်သည့် အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ၏ ကိစ္စရပ်များတွင် ခေါ်ဝေါ်သုံးစွဲခြင်း၊ ရေးသားဖော်ပြခြင်းများ မပြုလုပ်ရန် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတိပေးထုတ်ပြန်လိုက်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိစ္စကို မေ့လျော့နေပြီဖြစ်ကြောင်း NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
နိုင်ငံတော်အတွင်း၌ ဖြစ်ပေါ်နေသော အခြေအနေများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် ကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၄ ခုက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ဇူလိုင်လ ၁၈ ရက်၌ အိတ်ပိတ်စာ တစ်စောင်ကို ပေးပို့ခဲ့ကြောင်း အဆိုပါ ပါတီများထံမှ သိရသည်။
အကြမ်းဖက်သမားများ၊ ခြိမ်းခြောက်မှုများနှင့် အန္တရာယ်များကို ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ မဖြစ်စေရန်အတွက် စင်ကာပူနိုင်ငံ တပ်မတော်က ပြည်သူများကြားထဲတွင် နည်းပညာများ အသုံးပြုကာ မည်သို့ အကာအကွယ် ပေးထားကြောင်း သရုပ်ပြမှုများနှင့် ကာကွယ်ရေးဝန်ကြီး၏ ထုတ်ဖော်ပြောကြားချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။
တမူးမြို့နယ်အတွင်း ခိုလှုံလှုပ်ရှားနေသည့် ကသည်းသူပုန်များ ရှင်းလင်းဖယ်ရှားပေးရန် ကိစ္စကို ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၏ ဖြေကြားချက်သည် ပြည့်စုံမ မရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) မှ ဦးမောင်မောင်လတ်က ဝေဖန်လိုက်သည်။