News

POST TAGGED AS

တပ်မတော်

11-Mar-2018 tagged as တပ်မတော်
ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ထိန်းချုပ်နယ်မြေဖြစ်သော ဖာပွန်ခရိုင်အတွင်း တပ်မတော်က လမ်းဖောက်၍ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ရေးတင်းမာနေမှုကို ဖြေရှင်းပေးရန် အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) ထံသို့ ကန့်ကွက်စာ ပေးပို့ထားကြောင်း KNU ထံမှ သိရသည်။
တပ်မတော်နှင့် တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မတ်လ ၈ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာလေမြို့၌ ဝပ်ရှော့ခ်တွင်ပြုပြင်ရန် အပ်နှံထားသည့် တပ်မတော်ပိုင် မော်တော်ယာဉ်တစ်စီး ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းက မီးလောင်ခဲ့မှုကြောင့် ဝပ်ရှော့ခ်ပိုင်ရှင်ကို အမှုဖွင့်ထားကြောင်း တာလေနယ်မြေ ရဲစခန်းထံမှ သိရသည်။
တပ်မတော်ရိက္ခာအတွက် လေလံအောင်ထားသူများက ပဲစင်းငုံတင်းပေါင်း လေးသိန်းခန့်အထိတိုး၍ ဝယ်ယူသော်လည်း ပဲစင်းငုံဈေးအေးနေကြောင်း မန္တလေးကုန်စည်ဒိုင်ထံမှ သိရသည်။
အခု မြန်မာနိုင်ငံမှာကြုံနေရတဲ့အခြေအနေက ကြာလေ စစ်ဘက်လွှမ်းမိုးမှုက ပိုများလာလေဖြစ်နေပါတယ်။ စစ်ဘက်ကို အားနည်းသွားအောင် လုပ်မိ၊ ပြောမိရင်ပဲ တိုင်းပြည်အချုပ်အခြာအာဏာနဲ့ အမျိုးဘာသာသာသနာကို ထိခိုက်စေသူ၊ မျိုးချစ်စိတ်မရှိသူဆိုပြီး တံဆိပ်ကပ်တဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေဝင်လာနေတာဟာ အတော်ဆိုးပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တပ်မတော်နှင့် တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
13-Feb-2018 tagged as တပ်မတော်
ဆယ်စုနှစ် နှစ်စုကျော်အတွင်း ပထမဆုံး ကြည်း၊ ရေ၊ လေ သုံးပွင့်ဆိုင် စစ်ရေးလေ့ကျင့်မှုကို ကျယ်ပြန့်သော ရှုထောင့်မှ သုံးသပ်ကြည့်ရန် လိုအပ်သည်။
ရန်ကုန်မြို့ အမှတ် ၂ တပ်မတော် ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဒုဗိုလ်တစ်ဦး မြစ်သားမြို့နယ်ရှိ ကျေးရွာဘုရားပွဲသို့ လည်ပတ်ရာမှ လူငယ်ငါးဦးနှင့် စကားများရန်ဖြစ်ခဲ့ပြီး ဓားထိုးခံရသောကြောင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၁ နာရီခွဲခန့်က သေဆုံးသွားခဲ့ကြောင်း ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ကချင်ပြည်နယ်တွင် ယခုရက်ပိုင်း၌ ကချင်လက်နက်ကိုင်တပ်ဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး အဓိက လမ်းမကြီးရှိ တံတားအချို့ကို ကေအိုင်အေက ဖျက်ဆီးခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ရာ ပူတာအိုမြို့နယ်အတွင်း ဓာတ်ဆီဈေးနှုန်းမှာ အဆမတန် မြင့်တက်နေကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားနှင့် မိုးကောင်းမြို့နယ်ရှိ တပ်မတော်စခန်း ၃ ခုနှင့် တပ်ရင်းဌာနချုပ်ကို ကချင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ KIA က ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။